ဂျိုးဘိုင်ဒင်နှင့်ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်တို့ တောင်တရုတ်ပင်လယ် အတွင်း တင်းမာမှုများကို ဆွေးနွေး

By CNA
25 September 2022
ဂျိုးဘိုင်ဒင်နှင့်ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်တို့ တောင်တရုတ်ပင်လယ် အတွင်း တင်းမာမှုများကို ဆွေးနွေး

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နှင့် ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်တို့က တရုတ်၏သြဇာလွှမ်းမိုးရန် ကြိုးပမ်းမှုများကို တုံ့ပြန်သည့်အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် ပျံသန်းမှုများကို ထောက်ခံကြောင်းစက်တင်ဘာ၂၂ရက်တွင် အလေးပေးဆွေးနွေးခဲ့ကြသည်။

ဘိုင်ဒင်နှင့်မားကို့စ်တို့သည် ကုလသမဂ္ဂအထွေထွေညီလာခံ၏ သီးသန့်အစည်းအဝေးတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ကွယ်လွန်သူဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်၏သားဖြစ်သူမားကို့စ်သည် ဇွန်လတွင် အာဏာရယူခဲ့သည်။

“ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်အခြေအနေများကိုဆွေးနွေးခဲ့ကြပြီး လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ပျံသန်းရေးနှင့်အငြင်းပွားမှုများကိုငြိမ်းချမ်းစွာဖြေရှင်းရေးအတွက်၎င်းတို့၏ထောက်ခံမှုကိုအလေးပေးပြောကြားခဲ့သည်”ဟုဆွေးနွေးပွဲအပြီးအိမ်ဖြူတော်ကသတင်းထုတ်ပြန်ခဲ့သည်။
 
တောင်တရုတ်ပင်လယ်၊ကိုဗစ်-၁၉နှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များအကြောင်းဆွေးနွေးလိုကြောင်း ၎င်းတို့နှစ်ဦး ဆွေးနွေးပွဲစတင်ချိန်တွင် ဘိုင်ဒင်ကပြောကြားခဲ့သည်။ယူကရိန်းမှာရုရှား၏စစ်ပွဲကို ဆန့်ကျင် ခဲ့သည့်အတွက် မားကို့စ်ကို ဘိုင်ဒင်က ကျေးဇူးတင်ခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အတွက် အပြိုင်အဆိုင်တောင်းဆိုသူများနှင့် သွားလာနေသော အခြား နိုင်ငံများကိုဆန့်ကျင်သည့် ရန်စမှုများများလာနေသည်ဟု အမေရိကန်က တရုတ်ကို စွပ်စွဲထားသည်။

“ကျွန်တော်တို့ရဲ့ဒေသတွင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းရာမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကဒေသတွင်း နိုင်ငံအား လုံးအတွက်အထူးသဖြင့်ဖိလစ်ပိုင်အတွက်အလွန်အလေးထားဖွယ်ပါပဲ”ဟုမားကို့စ်ကပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည်အမေရိကန်၏အဓိကမဟာမိတ်နိုင်ငံဖြစ်ပြီးယင်း၏ပထဝီဝင်အနေအထားအရထိုင်ဝမ်အားတရုတ်၏တိုက်ခိုက်မှုမှစစ်ရေးအရခုခံကာကွယ်ရန်အမေရိကန်အတွက်လိုအပ်ပါကမဟာဗျူဟာအရအရေးပါသောနိုင်ငံဖြစ်သည်။

ထိုအခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားရန်လိုအပ်သောကြောင့်ဖိလစ်ပိုင်ရှိအခြေစိုက်စခန်းများကိုပိုမိုအသုံးပြုခွင့်ရရန်အမေရိကန်ကစိတ်အားထက်သန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required