ဘလတ္တာနှင့် ပလာတီနီတို့၏ အယူခံများကို ဖီဖာပယ်ချ

ဘလတ္တာနှင့် ပလာတီနီတို့၏ အယူခံများကို ဖီဖာပယ်ချ

ဇူးရစ်၊ ဖေဖော်ဝါရီ ၂၅ ။           ။ တရားမဝင်ငွေကြေးပေးချေမှုနှင့် အလွဲသုံးစားမှုတို့ကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည့် ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာနှင့် ယူအီးအက်ဖ်အေဥက္ကဋ္ဌ ပလာတီနီတို့၏ အယူခံများကို ဖီဖာအယူခံကော်မတီက ပယ်ချလိုက်သည်။

ဖီဖာအယူခံကော်မတီက ၎င်းတို့နှစ်ဦး၏ အယူခံများကို ပယ်ချခဲ့သော်လည်း ဘောလုံးလောကနှင့် ရှစ်နှစ် မပတ်သက်ရန် ပြစ်ဒဏ်ချမှတ်ထားခြင်းကို ခြောက်နှစ်သို့ လျှော့ချပေးခဲ့သည်။

ဘလတ္တာနှင့် ပလာတီနီတို့သည် တရားမဝင်ငွေကြေး ပေါင် ၁ ဒသမ ၃ သန်း ပေးချေမှုတွင် ပါဝင်ပတ်သက်ခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုငွေကြေးမှာ ၁၉၉၈ ခုနှစ်က ပလာတီနီမှာ ဘလတ္တာ၏နည်းစနစ် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဂုဏ်ပြုသည့်အနေဖြင့် ဘလတ္တာမှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း နှစ်ဦးစလုံးက ဆိုသည်။

၎င်းတို့ နှစ်ဦးစလုံးကမူ မည်သည့်အမှားအယွင်းမှ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ပြောဆိုထားကြပြီး အပြည်ပြည်ဆိုင်ရာအားကစားခုံရုံးသို့ အယူခံဝင်သွားမည်ဟု ဆိုကြသည်။

အသက် ၇၉ နှစ်အရွယ်ရှိ ဘလတ္တာက 'ဖီဖာအယူခံကော်မတီရဲ့ လုပ်ရပ်က တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်' ဟု ပြောဆိုခဲ့ပြီး အသက် ၆၀ အရွယ်ရှိ ပလာတီနီကမူ 'ရှက်ဖွယ်ကောင်းပြီး စော်ကားတဲ့ လုပ်ရပ်ပါ။ ဒါက နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်လည်းဖြစ်ပါတယ်' ဟု ပြောဆိုခဲ့သည်။

ဖီဖာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly