ယူကရိန်းစစ်ပွဲအရေး ညှိနှိုင်းဆွေးနွေးရန် တရုတ်နှင့်အိန္ဒိယ တောင်းဆို 

By Taipei Times
25 September 2022
ယူကရိန်းစစ်ပွဲအရေး ညှိနှိုင်းဆွေးနွေးရန် တရုတ်နှင့်အိန္ဒိယ တောင်းဆို 

တရုတ်နှင့်အိန္ဒိယသည် ယူကရိန်းစစ်ပွဲအရေးကို ညှိနှိုင်းအဆုံးသတ်ရန် ကုလသမဂ္ဂညီလာခံ၌ စက်တင်ဘာ ၂၄ ရက်က တောင်းဆိုလိုက်ပြီး အစဉ်အလာအရ မဟာမိတ်ရုရှားအား အခိုင်အမာထောက်ခံလာမှုကို အရှိန်သတ် လိုက်ကြသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အကျပ်အတည်းများ မကူးစက်စေရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို မထိခိုက်စေရန် ရုရှားနှင့် ယူကရိန်းနှစ်နိုင်ငံစလုံးအား တောင်းဆိုခဲ့သည်။

“ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းရေးအထောက်အကူဖြစ်စေတဲ့ ကြိုးပမ်းမှုအားလုံးကို တရုတ်နိုင်ငံက ထောက်ခံပါတယ်။ အဓိက ဦးစားပေးကတော့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ အဆင်ပြေ ချောမွေ့ဖို့ပါပဲ” ဟု ဝမ်က ပြောသည်။

ကုလသမဂ္ဂခရီးစဉ်အတွင်း ဝမ်သည် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးအဖြစ် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလက်ဘာနှင့် တွေ့ဆုံခဲ့သည်။

ယခုလအစောပိုင်းက ပူတင်သည် တရုတ်သမ္မရှီကျင့်ဖျင်နှင့် တွေ့ဆုံမှုအတွင်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ တရုတ်၏စိုးရိမ်မှုများကို အသိအမှတ်ပြုခဲ့သည်။

အိန္ဒိယသည် တရုတ်နိုင်ငံနှင့်မတူစွာ အမေရိကန်နှင့် နွေးထွေးသော ဆက်ဆံရေးရှိသော်လည်း ကာကွယ်ရေး ပစ္စည်းများ အစဉ်အမြဲ ထောက်ပံ့ရောင်းချသူ ရုရှားနှင့် သမိုင်းဝင်ဆက်ဆံရေးရှိသည်။

“ယူကရိန်းပဋိပက္ခတွေ ဆက်လက်ဖြစ်နေသရွေ့ ကျွန်တော်တို့ ဘယ်ဘက်ကလဲဆိုပြီး မကြာခဏ အမေး ခံရ ပါတယ်။ ကျွန်တော်တို့ရဲ့အဖြေက ပွင့်လင်းရိုးရှင်းပါတယ်။ အိန္ဒယဟာ ငြိမ်းချမ်းရေးဘက်မှာ အမြဲရှိနေမှာပါ။ တစ်ခုသောထွက်ပေါက်ဖြစ်တဲ့ ဆွေးနွေးမှုနဲ့သံခင်းတမန်ခင်းတောင်းဆိုတဲ့ဘက်မှာ ကျွန်တော်တို့ ရှိနေမှာပါ” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required