ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအတွက် ပြန်လည်ပေါင်းစည်းရေးက အဓိက သော့ချက်ဖြစ်ကြောင်း ဝမ်ယိပြော

By VOA
25 September 2022
ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးအတွက် ပြန်လည်ပေါင်းစည်းရေးက အဓိက သော့ချက်ဖြစ်ကြောင်း ဝမ်ယိပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နှင့်အပြည့်အဝပေါင်းစည်းမှသာလျှင် ထိုင်ဝမ်ရေလက်ကြား တစ်လျှောက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရှိနိုင်သည်ဟု ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာ ၂၄ ရက်က ပြောကြားလိုက်သည်။

“တရုတ်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တဲ့ ဘယ်လိုအစီအစဉ်မျိုးမဆို တရုတ်အားလုံးရဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုကို သေချာပေါက်ကြုံတွေ့ရမှာဖြစ်သလို တရုတ်ရဲ့ပြန်လည်ပေါင်းစည်းရေးကို နှောင့်ယှက်တဲ့ လှုပ်ရှားမှုမှန်သမျှဟာလည်း သမိုင်းပဲ့ကိုင်ရှင်တွေရဲ့ နင်းချေမှုကို ခံရမှာပါ” ဟု ဝမ်ယိက ပြောခဲ့သည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်များ ထိုင်ဝမ်သို့လာရောက်ခဲ့သောကြောင့် မကြာသေးမီ လများအတွင်း တရုတ်နှင့်အမေရိကန်အကြား တင်းမာမှုများမြင့်တက်လာခဲ့သည်။

“ထိုင်ဝမ်ဟာ ရှေးခေတ်ကတည်းက တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ရဲ့ ခွဲထွက်လို့မရနိုင်တဲ့ အစိတ်အပိုင်းတစ်ခုပါ” ဟု ဝမ်က ဆိုသည်။

တရုတ်သည် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ပန်းတိုင်ကို အကောင်အထည်ဖော်ရန် ခွဲထွက်ရေး လှုပ်ရှားမှုများကို တားမြစ်ရမည်ဟု ဝမ်က ပြောကြားခဲ့သည်။

“ဒီပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ ထိုင်ဝမ်လွတ်လပ်ရေးအတွက် ခွဲထွက်ရေးလှုပ်ရှားမှုတွေကို အခိုင်မာဆုံး သန္နိဋ္ဌာန်နဲ့ တိုက်ဖျက်ရမှာဖြစ်ပြီး ပြည်ပဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ဖို့ အားမာန်အပါဆုံးခြေလှမ်းတွေနဲ့ လျှောက်လှမ်းရပါမယ်” ဟု ဝမ်က ပြောသည်။

ဝမ်ယိသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထပ်မံအတည်ပြုလျက် ယင်းမူဝါဒသည် ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာတွင် စံတစ်ခုအဖြစ် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required