ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်း 'နေရာမှန်'မှာ ရှိတယ်လို့ ကိန်း ပြော

ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်း 'နေရာမှန်'မှာ ရှိတယ်လို့ ကိန်း ပြော

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက တနင်္လာနေ့က ဂျာမနီနဲ့  ၃-၃ သရေကျပြီးနောက် ခြင်္သေ့သုံးကောင် (Three Lions)ဟာ ခြောက်ပွဲဆက်နိုင်ပွဲမရပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ဖို့ နေရာမှန်တခုမှာရှိတယ်လို့ ပြောပါတယ်။

ကိုင်ဟာဗက်ဇ်က ဧည့်သည်အသင်းအတွက် တစ်မှတ် ရယူမပေးခင် ဝင်ဘလေကွင်းမှာ အင်္ဂလန်အသင်းဟာ ၂-၀ နဲ့ အရေးနိမ့်နေရာကနေ ၃-၂ နဲ့ ပြန်ဦးဆောင်နေကာ ကိန်းဟာ ဂါရတ်ဆောက်ဂိတ်ရဲ့ ကစားသမားတွေအတွက် နာမည်ကျော် come back ကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“ဒီနေ့ အသင်းရဲ့ တိုက်ပွဲစိတ်ဓာတ်ကို ဒီနေရာမှာ ပြသခဲ့တယ်”လို့ အင်္ဂလန်အတွက် ရွန်းနီရဲ့ ၅၃ ဂိုး စံချိန်ကို လိုက်မီဖို့ နှစ်ဂိုးသာလိုနေတဲ့ ကိန်းက ပြောပါတယ်။

"ကျနော်တို့ နိုင်ပွဲမရရှိခဲ့ပေမယ့် ကျနော်တို့လုပ်ခဲ့တာအတွက် ဂုဏ်ယူနိုင်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် မှန်ကန်တဲ့ နေရာတခုမှာ ကျနော်တို့ကို ထားပေးပါတယ်။"

ဂါရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ယူရို ၂၀၂၀ မှာ  ၅၅ နှစ်ကြာ ပထမဆုံးအဓိကပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း သူ့အသင်းဟာ နေးရှင်းလိဂ် ထိပ်တန်းအဆင့်ကနေ တန်းဆင်းခဲ့ရပါတယ်။

အင်္ဂလန်ဟာ အုပ်စု A3 တွင် သူတို့ရဲ့ အဖွင့်ငါးပွဲမှာ Open Play ကနေ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူတို့ဟာ နှစ်လအတွင်း အဓိကပြိုင်ပွဲတစ်ခုရဲ့ မြင့်မားတဲ့ဖိအားကို တုံ့ပြန်နိုင်မယ်လို့ ကိန်းက ယုံကြည်နေပါတယ်။

"အဓိက ဘောလုံးပြိုင်ပွဲက အင်္ဂလန်အတွက် ခင်ဗျားကစားနေတဲ့ တခြားဘောလုံးပွဲတွေနဲ့ မတူပါဘူး။ ဖိအားတွေက မြင့်မားပြီး အာရုံစူးစိုက်မှုလည်း မြင့်မားရမှာဖြစ်ပြီး အဲဒါကို ကျနော်တို့ ကောင်းကောင်း တုံ့ပြန်သလို ကျနော် ခံစားရတယ်"လို့  သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့တဲ့ အဓိကပြိုင်ပွဲ ၂ ခုမှာ ကျနော်တို့ ဖြတ်သန်းခဲ့ရင်း ကျနော်တို့ရဲ့ ပြိုင်ပွဲကို အားဖြည့်တင်ထားပါတယ်။

"ကျနော်တို့ ကိုယ့်ကိုကိုယ် နှိမ့်ချပြီး တိုးတက်အောင် လုပ်ရမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် ပထမပွဲမစခင် အင်္ဂလန်မှာ အခု အချိန်က သိပ်မရှိတော့ပါဘူး။ ကလပ်အသင်းတွေနဲ့ ဝေးကွာသွားမှာဖြစ်ပြီး အားလုံးက ကြံ့ခိုင်သန်မာပြီး နိုဝင်ဘာလမှာ ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ မျှော်လင့်ပါတယ်။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly