တရုတ်ရဲဒုဝန်ကြီးဟောင်းလာဘ်ပေးလာဘ်ယူမှုဖြင့် ဆိုင်းငံ့သေဒဏ်  ချမှတ်ခံရ

တရုတ်ရဲဒုဝန်ကြီးဟောင်းလာဘ်ပေးလာဘ်ယူမှုဖြင့် ဆိုင်းငံ့သေဒဏ်  ချမှတ်ခံရ

တရုတ်တွင် အောက်တိုဘာ၁၆ရက်၌ ကျင်းပမည့် ကွန်မြူနစ်ပါတီ အရေးကြီးသော ရာထူးတာဝန်အပြောင်းအလဲ  မတိုင်မီတွင် ယွမ်၆၄၆သန်းကျော်လာဘ်ယူမှုဖြင့်စွပ်စွဲခံထားရသော တရုတ်ပြည်သူ့လုံခြုံရေးဒုဝန်ကြီးဟောင်း တစ်ဦးကို ဆိုင်းငံ့ သေဒဏ်ချမှတ်လိုက်သည်။

ဒုဝန်ကြီးဟောင်းဆန်းလီကျန်း၏ နိုင်ငံရေး လုပ်ပိုင်ခွင့်အားလုံးကို ဖယ်ရှားခဲ့ပြီး ၎င်း၏ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခဲ့ကြောင်း Global Times ကဖော်ပြခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုရာဇဝတ်မှုဖြင့်အပြစ်ဒဏ်ခံရသော ဆန်း၏သေမိန့်ကို၂နှစ်ဆိုင်ငံ့သက်သာခွင့် ပေးခဲ့သည်။

၂နှစ်ပြီးမြောက်ပါကပြစ်ဒဏ်အားတစ်သက်တစ်ကျွန်းသို့လျော့ပေါ့ပေးနိုင်သော်လည်း ပြစ်ဒဏ်လျော့ချခြင်း သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်မရှိကြောင်း တရားရုံး၏စီရင်ချက်အားကိုးကား၍ Global Times ကဖော်ပြခဲ့သည်။

 စတော့ရှယ်ယာဈေးကွက်ကိုကြိုးကိုင်မှုအတွက် ထောင်ဒဏ်၈နှစ်နှင့်ဒဏ်ငွေယွမ်၁သန်းအပြင် လက်နက်များ တရားမဝင်လက်ဝယ်ထားရှိမှုအတွက်နောက်ထပ်၅နှစ်ကိုလည်းပြစ်ဒဏ်ချမှတ်ခဲ့သည်။

တရားရုံးက သေဒဏ်ကို၂နှစ်ဆိုင်းငံ့ပေးရန် ဆုံးဖြတ်ခဲ့သည်။

၂၀ဝ၁ခုနှစ်မှ၂၀၂ဝပြည့်နှစ်ဧပြီလအထိဆန်းသည် ယခင်ရာထူးများမှ ရရှိထားသော သြဇာအာဏာကို အခြားသူများအတွက်အကျိုးအမြတ်ရှာဖွေရန်နှင့် ယွမ်ငွေ၆၄၆သန်းတန်ဖိုးရှိငွေကြေးနှင့် ပိုင်ဆိုင်မှုများကို တရားမဝင် လက်ခံခဲ့ကြောင်းဆိုသည်။

ဆန်းတွင် သေနတ်၂လက်ကိုလည်း လက်ဝယ် တရားမဝင် တွေ့ရှိခဲ့သည်ဟု Global Times ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required