ပါကစ္စတန်၏ မူဝါဒ ပြောင်းလဲမှုနှင့် အခွန်နှုန်းထား မြှင့်တင်မှုကြောင့် အာဖဂန်-ပါကစ္စတန် ကုန်သွယ်မှု အရှိန်မသွက်ဘဲ ဖြစ်နေ

ပါကစ္စတန်၏ မူဝါဒ ပြောင်းလဲမှုနှင့် အခွန်နှုန်းထား မြှင့်တင်မှုကြောင့် အာဖဂန်-ပါကစ္စတန် ကုန်သွယ်မှု အရှိန်မသွက်ဘဲ ဖြစ်နေ

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်အကြား ကုန်သွယ်မှုနှင့် နှစ်နိုင်ငံ ဆွေးနွေးမှုများကို လိုသည်ထက် ပိုပြီး လုပ်ဆောင်ထားသည် ဆိုသော်လည်း လက်ရှိအချိန်တွင် နှစ်ဖက်အကြား ကုန်သွယ်မှုသည် အဆုံးစွန် အလားအလာသို့ ရောက်ရှိနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်။ 

ပါကစ္စတန်အစိုးရဘက်က သွင်းကုန်များအပေါ် အခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံခြင်းနှင့် အဓိပ္ပါယ်မဲ့သော မူဝါဒဆိုင်ရာ အပြောင်းအလဲများ ပြုလုပ်ခြင်းကြောင့် ဖြစ်ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

 ဥပမာ အာဖဂန်ဝယ်သူများဘက်က ငွေပေးချေမှုများကို အမေရိကန်ဒေါ်လာဖြင့် လုပ်ဆောင်ရမည်ဆိုသည့် ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ ပို့ကုန်မူဝါဒသစ်ကြောင့် လများနှင့်ကြာ ပြဿနာများကို ဖြစ်ပေါ်စေခဲ့သည်။

တော့ခ်ဟမ် အကောက်ခွန် ရှင်းလင်းရေး အေးဂျင့်များ အစည်းအရုံး၊ ခိုင်ဘာ ကုန်သည်ကြီးများ အသင်း၊ ခိုင်ဘာ ပက်ခ်တွန်ခဝါ စီးပွားဖြစ် ပို့ကုန်တင်ပို့သူများ၊ သွင်းကုန်တင်သွင်းသူများနှင့် ကုန်စည် သယ်ယူပို့ဆောင်မှု အဖွဲ့ အစည်း တို့သည် အဆိုပါ မူဝါဒကို ဆန့်ကျင်ပြီး ရက်များကြာ အာဖဂန်နစ္စတန်သို့ ဦးတည်သော စီးပွားဖြစ် ကုန်စည်များ အကောက်ခွန်ရှင်းလင်းမှုအပေါ် သပိတ်မှောက်ခဲ့ကြကြောင်း Financial Post က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ အာဏာပြန်ရပြီးနောက်ပိုင်း တရားဝင် ဘဏ်လုပ်ငန်းစနစ် လည်ပတ်နိုင်မှု မရှိတော့ဟု ပါကစ္စတန် ကုန်သည်များနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများက စောဒကတက် ပြောဆိုခဲ့ကြပြီး ငွေပေးချေမှုစနစ်အပေါ် ၎င်းတို့၏ ဆန့်ကျင်ကြောင်း သဘောထားကို တင်ပြခဲ့သည်။

အာဖဂန်နစ္စတန်မှ သွင်းကုန်များကို ပါကစ္စတန်ရူပီးဖြင့် တင်သွင်းခွင့်ပြုရန် ကုန်သည်များက ပါကစ္စတန်အစိုးရကို တောင်းဆိုခဲ့သည်။ သို့သော် ပါကစ္စတန်အစိုးရသည် ထိုကိစ္စနှင့်ပတ်သက်ပြီး အချိန်အတော်ကြာ သဘောမတူဘဲ ဖြစ်နေခဲ့သည်။ ဝမ်းနည်းစရာက ပါကစ္စတန်အစိုးရက ငွေပေးချေမှုများကို ပါကစ္စတန်ရူပီးဖြင့် ပြုလုပ်ခွင့်ပေး ခဲ့ချိန်တွင် ကုန်သည်များသည် ကုန်သွယ်မှု ပမာဏပိုင်းတွင် ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း Financial Post က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly