အာဖဂန်ဒုက္ခသည် ၅၀၀၀၀ ကျော်ကို အီရန်က ဩဂုတ်လအတွင်း  နိုင်ငံမှ နှင်ထုတ်ခဲ့

By The Frontier Post
24 September 2022
အာဖဂန်ဒုက္ခသည် ၅၀၀၀၀ ကျော်ကို အီရန်က ဩဂုတ်လအတွင်း  နိုင်ငံမှ နှင်ထုတ်ခဲ့

အာဖဂန်ဒုက္ခသည် ၅၀၀၀၀ ကျော်သည် အီရန်နိုင်ငံမှ ဩဂုတ်လအတွင်း  ပြန်လည်နှင်ထုတ်ခဲ့ကြောင်း အာဖဂန် ဒုက္ခသည်များနှင့် မူလနေရပ်ပြန်လာမှုဆိုင်ရာ ဝန်ကြီးဌာန (MoRR) က ပြောသည်။
  
အာဖဂန် ဒုက္ခသည်များနှင့် မူလနေရပ်ပြန်လာမှုဆိုင်ရာ ဝန်ကြီးဌာန၏ ခေတ္တဝန်ကြီးနှင့် အီရန်သံအမတ် ဘဟာဒါ အာမီနီယန်တို့သည် စက်တင်ဘာ ၁၅ ရက်က အာဖဂန်ဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးဌာန အရာရှိများက ပြောသည်။
  
“အာဖဂန်နစ္စတန်ရဲ့ ဒုက္ခသည်ရေးရာ ဝန်ကြီးက အဲဒီအစည်းအဝေးမှာ တက်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်ကို ပြန်လာရတဲ့ အာဖဂန်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးရာမှာ အီရန် အပါအဝင် အိမ်နီးချင်း နိုင်ငံတွေက ကူညီပေးသင့်တယ်ဆိုပြီး အလေးပေး ပြောခဲ့တာ ရှိပါတယ်” ဟု MoRR မှ အရာရှိတစ်ဦးဖြစ်သည့် ဘက်ဆစ် အန်ဆာရီက ပြောသည်။

အထူးသဖြင့် ပြည်နှင်ဒဏ်ပေးခံရခြင်း အပါအဝင် အီရန်နိုင်ငံရောက် အာဖဂန်ဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ လှုပ်ရှားသူအချို့က ထုတ်ဖော်သည်။

“အီရန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လူဦးရေစာရင်း ကောက်ယူတဲ့ အစီအစဉ် ပြီးစီးသွားတာနဲ့အတူ အတင်းအကျပ် နှင်ထုတ်မှုတွေက တစ်ဖန် ပြန်စနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရွှေ့ပြောင်း နေထိုင်သူတွေဟာ အခက်အခဲ အများအပြားနဲ့ ရင်ဆိုင်ကြရပါတယ်” ဟု အီရန်ရှိ ဒုက္ခသည်များ အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် အာဆီဖာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly