၂၀၁၆ AFC Cup အုပ်စု ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တောင်တရုတ်အသင်းကို အနိုင်ရ

၂၀၁၆ AFC Cup အုပ်စု ပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တောင်တရုတ်အသင်းကို အနိုင်ရ
ရန်ကုန်အသင်းနှင့်တောင်တရုတ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ် / Mizzima)

၂၀၁၆ AFC Cup အုပ်စု (ဆ) ပွဲစဉ်တစ်ပွဲဖြစ်သည့် မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟောင်ကောင်ကလပ် တောင်တရုတ်အသင်းတို့ ဖေဖော်ဝါရီ ၂၄ ရက် (ယနေ့) ညနေ ၄း၀၀ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်အသင်းက မာဆယ်လို၊ ကျော်ကိုကို တို့၏ သွင်းဂိုးများကြောင့် ၂-၁ ဖြင့် အနိုင်ရခဲ့သည်။

" ဒီပွဲက နှစ်သင်းလုံးအတွက် ခက်ခက်ခဲခဲ ကစားရတဲ့ပွဲတစ်ပွဲပါ။ ဒုတိယပိုင်း အသင်းက ခြေစွမ်းကောင်းပြီး ဖိအားပေးနိုင်ပေမယ့် ဂိုးမဖန်တီးနိုင်ခဲ့ဘူး။ ရန်ကုန်အသင်းက ရတဲ့အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာပါ။ "

ကတ်စမီရို (ဟောင်ကောင်ကလပ် တောင်တရုတ်အသင်းနည်းပြ)

" အနိုင်ရလဒ်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် ကစားသမားတွေကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ဒီပွဲက အသင်းရဲ့ စိတ်ဓာတ်ကောင်းကို ပြသနိုင်တဲ့ ပွဲတစ်ပွဲပါပဲ။ AFC Cup မှာ တစ်ပွဲပဲ ကစားရသေးတဲ့အတွက် အုပ်စုတက်ဖို့ တစ်ပွဲချင်းနောက်ပွဲတွေကိုလည်း အကောင်းဆုံးပြင်ဆင်သွားပါမယ်။ "

မာယန် (ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly