အမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြတ်သန်း

အမေရိကန်နှင့်ကနေဒါစစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကို ယခုနှစ်အတွင်း ဒုတိယအကြိမ်ဖြတ်သန်း

တရုတ်နှင့်ထိုင်ဝမ်ကြားစစ်ရေးတင်းမာမှုမြင့်တက်လာချိန်တွင်အမေရိကန်ရေတပ်စစ်သင်္ဘောတစ်စင်းနှင့်ကနေဒါဖရီးဂိတ်သင်္ဘောတစ်စင်းတို့သည် ထိုင်ဝမ်ရေလက်ကြားကို စက်တင်ဘာ၂၀ရက်တွင် ပုံမှန်ဖြတ်သန်းသွားလာ ခဲ့ကြောင်း နှစ်နိုင်ငံစလုံး၏ စစ်တပ်များက ပြောကြားလိုက်သည်။

ယင်းဖြတ်သန်းမှုသည် အမေရိကန်ရေတပ်သင်္ဘောတစ်စင်းက တစ်လအတွင်း ဒုတိယအကြိမ်ဖြတ်သန်းမှုဖြစ်ပြီး ၂၀၂၁ခုနှစ်အောက်တိုဘာလနောက်ပိုင်း တစ်နှစ်မပြည့်မီ အမေရိကန်နှင့် ကနေဒါတို့ပူးပေါင်းဖြတ်သန်းသည့် ဒုတိယမြောက် သင်္ဘောဖြစ်သည်။

တရုတ်တပ်ဖွဲ့များကသင်္ဘောများကိုသတိပေးခဲ့သည်ဟုဆိုကာမစ်ရှင်ကိုရှုတ်ချခဲ့သော်လည်းမကြာသေးမီ နှစ်များက အမေရိကန်စစ်သင်္ဘောများက ဗြိတိန်နှင့် ကနေဒါတို့ကဲ့သို့မဟာမိတ်နိုင်ငံ သင်္ဘောများနှင့် ရေလက်ကြားကိုပုံမှန်ဖြတ်သန်းလေ့ရှိသည်။
 
ထိုင်ဝမ်၏ဒီမိုကရေစီနည်းက ျရွေးကောက်တင်မြှောက်ထားသော အစိုးရက ကန့်ကွက်သော်လည်း ထိုင်ဝမ်ကို ပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုကာ ယင်းသို့ခရီးစဉ်များက တရုတ်ကို ဒေါသထွက်စေမည်ဖြစ်သည်။
 
“ဒီလိုပူးပေါင်းဆောင်ရွက်မှုကလုံခြုံပြီးသာယာဝပြောတဲ့ဒေသတစ်ခုဖြစ်ရေးဆိုတဲ့ကျွန်တော်တို့ရဲ့ချည်းကပ်မှုရဲ့အဓိက အချက်ကိုကိုယ်စားပြုပါတယ်”ဟု အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 Arleigh Burke အတန်းအစားပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော Higgins နှင့်တော်ဝင်ကနေဒါရေတပ်၏ Halifax အတန်းအစားဖရီးဂိတ်သင်္ဘော Vancouver တို့သည် သက်ဆိုင်ရာကမ်းရိုးတန်းနိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင် အလွန်ရှိ ရေလက်ကြားရှိစင်္ကြံမှ တဆင့်ဖြတ်သန်းခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။

ကနေဒါကာကွယ်ရေးဝန်ကြီးအေနီတာအေနန်ကပစိဖိတ်ဒေသနိုင်ငံတစ်ခုအနေဖြင့်သူမနိုင်ငံသည်အင်ဒို-ပစိဖိတ် ဒေသတွင် ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်းရေးနှင့်သာယာဝပြောရေးကိုထိန်းသိမ်းရန်နက်နက်ရှိုင်းရှိုင်း ကတိကဝတ် ပြုထားကြောင်း ပြောကြားခဲ့သည်။

 ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါလုပ်ရပ်ကို ကြိုဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required