တရုတ်အပေါ် ယုံကြည်မှုကျဆင်းသွားကြောင်း ဥရောပစီးပွားရေးအုပ်စုက သတိပေး

တရုတ်အပေါ် ယုံကြည်မှုကျဆင်းသွားကြောင်း ဥရောပစီးပွားရေးအုပ်စုက သတိပေး

တရုတ်နိုင်ငံအပေါ် စီးပွားရေး လုပ်ငန်းများ၏ ယုံကြည်မှု မရှိတော့သလို  ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ကောင်း သည့် နေရာအဖြစ် သတ်မှတ်မှုလည်း ပျောက်ဆုံးလာကြောင်း အဆိုပါနိုင်ငံ၏ "ပြုပြင်ပြောင်းလဲမလွယ်ဘဲ တသမတ်တည်းအကောင်အထည်ဖော်သည့်" ကိုဗစ်-၁၉ ဆိုင်ရာ မူဝါဒအား  အဓိကအချက်အဖြစ် ကိုးကား၍ ထိပ်တန်းဥရောပစက်မှုလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကစက်တင်ဘာ၂၁ရက်တွင် သတိပေးလိုက်သည်။

 တရုတ်နိုင်ငံတွင်စီးပွားရေး လုပ်ကိုင်နေသည့်ဥရောပသမဂ္ဂနှင့် ဥရောပကုမ္ပဏီများအတွက်အကြံပြုချက် ၉၆၇ခု ပါဝင်သောအဖွဲ့ဝင် ကုမ္ပဏီ၁၈၀ဝမှ သဘောထားဖော်ပြထားသည့် သတိပေးချက်များကို ဥရောပ ကုန်သည်ကြီးများအသင်းကထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ်မှကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်သောအစီရင်ခံစာတွင် တရုတ်သည်အပြောင်းအလဲ မြန်သောမူဝါဒအပြောင်းအလဲများကို ရှောင်ကြဉ်သင့်ပြီးဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နိုင်ငံတကာလေကြောင်းခရီးစဉ်များတိုးမြှင့်သင့်သည်ဟု ပြောကြားထားသည်။

 ဥရောပသမဂ္ဂသည် တရုတ်နှင့်တက်ကြွစွာထိတွေ့ဆက်ဆံသင့်ပြီး ခွဲထွက်ရေးတောင်းဆိုမှုများကို ပယ်ချသင့် ကြောင်းလည်း ယင်းကဖော်ပြခဲ့သည်။

အခြားသောနိုင်ငံများက ကမ္ဘာ့စံနှုန်း အခင်းအကျင်းကိုဆက်လက်လုပ်ဆောင်နေချိန်တွင်တရုတ်က ပြည်တွင်းရေးကိုသာ မျက်နှာမူနေသဖြင့်တရုတ်နှင့် ကျန်ကမ္ဘာအကြားလွန်ခဲ့သည့်နှစ်တွင် သိသိသာသာ ဆန့်ကျင်ကွဲလွဲမှုများ ပေါ်ပေါက်လာခဲ့ကြောင်း ဥရောပကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဂျိုးအာ့ဝုတ်ကီကမီဒီယာများနှင့် တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

"ကမ္ဘာ့နိုင်ငံတွေက အစုအဖွဲ့လိုက် ကိုယ်ခံစွမ်းအားရှိအောင် နေထိုင်နေချိန်မှာ တရုတ်က ဖြစ်နိုင်ချေ  မရှိတဲ့အိုမီခရွန်ကို ကမ္ဘာကြီးက ဖယ်ရှားတဲ့အထိ စောင့်မျှော်နေမှာသေချာပါတယ်" ဟု တရုတ်၏မကြာခဏပိတ်ဆို့ကန့်သတ်မှုများနှင့်နိုင်ငံတကာခရီးသွားမှာကိုပိတ်ထားရန်နယ်စပ်များကိုပိတ်ထားသည့် တင်းကျပ်သော ကိုဗစ်ရပ်တည်ချက်ကိုရည်ညွှန်ပြီး ၎င်းကပြောကြားခဲ့သည်။

 စံချိန်တင်သောလုပ်ငန်းအရေအတွက်များကလက်ရှိသို့မဟုတ်စီစဉ်ထားသောရင်းနှီးမြှပ်နှံမှုများကို အခြားဈေးကွက်များသို့ ပြောင်းရွှေ့ရန်ကြိုးပမ်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly