ပြည်သူကို ဝန်ဆောင်မှုပေးသောစနစ်ကြိုးစားသွားမည်

ပြည်သူကို ဝန်ဆောင်မှုပေးသောစနစ်ကြိုးစားသွားမည်

မကွေး  ၊  ဖေဖော်ဝါရီ   ၂၄ ။          ။ အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်တွင် ပြည်သူကို ဝန်ဆောင်မှုပေးသောအုပ်ချုပ်ရေးစနစ် ပြောင်းလဲစေရန် ကြိုစားသွားမည်ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးကျော်က မဇ္ဈိမသို့ ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် အုပ်ချုပ်ရေးကဏ္ဍမှ ပုဂ္ဂိုလ်များ၏ နေ့စဉ်လုပ်ငန်းဆောင်တာ၊ စီမံခန့်ခွဲမှုများသည် ပြည်သူကို မဏ္ဍိုင်မပြုဘဲ အုပ်ချုပ်ရေးကို မဏ္ဍိုင်ပြုနေလျှင် လွှတ်တော်လုပ်ထုံးလုပ်နည်း၊ တိုင်းနှင့်ပြည်နယ်အစိုးရ၏ ဥပဒေနှင့်အညီ ပြောင်းလဲမည်ဟု ပြောဆိုသည်။

"ကျွန်တော်တို့ NLD အစိုးရလက်ထက်မှာ ဥပဒေနဲ့အညီ ဖြေလျှော့တာတွေ၊ ပြောင်းလဲတာတွေ၊ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းချင်း လျှော့ချသောစနစ်ဆီကို ဦးတည်မယ်။" ဟု မကွေးတိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်က ပြောသည်။

ပြည်သူလူထုအကျိုးစီးပွားဖြစ်ထွန်းမည့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးသော ယဉ်ကျေးမှုဆီသို့ ပြောင်းလဲရန်လိုအပ်ပြီး ဆတိုးကြိုးစားရဦးမည်ဟု မဇ္ဈိမသို့ ပြောသည်။

တာဝန်ယူတတ်သည့် အစိုးရတစ်ရပ်အနေဖြင့် ကောင်းမွန်သည့်အစိုးရ၊ သန့်ရှင်းသည့်အစိုးရတစ်ရပ်ဖြစ်ရန် ပြည်သူလူထုအကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကို အဓိကထား အခြေပြုရမည်ဖြစ်ကြောင်း၊ ပြောင်းလဲပြုပြင်မည်ဟု ကတိကဝတ်ပြုခဲ့ကြသော်လည်း ယခင်အစိုးရအဆက်ဆက်သည် အခြေခံလူထု၏ပြသနာများနှင့် နေ့စဉ်လူမှုစီးပွားဘဝကို ပြေလည်စေရန် မဖြေရှင်းနိုင်ဘဲ အားနည်းချက်များရှိခဲ့သည်ဟု၎င်းကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly