တရုတ်က MeToo လှုပ်ရှားမှုအပေါ် ဂရုမစိုက်ဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဆန့်ကျင်သည့် အမျိုးသမီးများကို ဖိနှိပ်

တရုတ်က MeToo လှုပ်ရှားမှုအပေါ် ဂရုမစိုက်ဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဆန့်ကျင်သည့် အမျိုးသမီးများကို ဖိနှိပ်

တရုတ်အာဏာပိုင်များနှင့် လူသိများထင်ရှားသည့် အမျိုးသားများက  အမျိုးသမီးများ လိင်အကြမ်း ဖက်ခံရသည့် အသံများကို အွန်လိုင်းတွင်  ဖော်ပြနေသည့် MeToo လှုပ်ရှားမှုကို တိမ်မြုပ်ပျောက်ကွယ်အောင် လုပ်ဆောင် နေကြောင်း The Singapore Postက ဖော်ပြသည်။

တရုတ်နိုင်ငံ၏ နှောင့်ယှက်မှုတိုက်ဖျက်ရေးဥပဒေများသည် နိုင်ငံတွင်းမှ အမျိုးသမီးများ၏  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပေ။ ဥပမာတစ်ခုမှာ ထင်ရှားသော နိုင်ငံပိုင်ရုပ်မြင်သံကြားတင်ဆက်သူအား လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဖြင့် စွပ်စွဲခဲ့သည့် ကျိုးရှောင်ရွှမ်း၏ အယူခံကို ပယ်ချခံရခြင်းဖြစ်သည်။ 

ဩဂုတ်လ ၁၀ ရက်နေ့တွင် ပေကျင်းတရားရုံးက ရှောင်ရွှမ်း၏ အယူခံကို ပယ်ချခဲ့သည်။အဆိုပါအမှုသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုခံရသော တခြားသောအမျိုးသမီးများအား၎င်းတို့၏ကိုယ်ပိုင်အတွေ့အကြုံများကို လူသိရှင်ကြားထုတ်ဖော်ပြောစေရန် တွန်းအားဖြစ်စေခဲ့သည်။

၂၀၂၁ ခုနှစ်က ကျိုးရှောင်ရွှမ်း၏ ပထမဆုံးရုံးချိန်းတွင် အမျိုးသမီးများစွာသည် ဆန္ဒပြသသည့်အနေဖြင့် တရားရုံးပြင်ပ၌ စုဝေးခဲ့ကြသော်လည်း ရဲများက ထုတ်ဖော်ပြောဆိုခွင့်မပြုခဲ့ပေ။  ၎င်းအမှုကို လူမှု မီဒီယာ၌ တင်ခြင်းကိုလည်း ထိန်းချုပ်ထားသည်။၊ မီဒီယာဌာနအနည်းငယ်ကသာ ကန့်သတ်ချက်များဖြင့် အကျဉ်းချုံး တင်ပြခွင့်ရသည်ဟု The Singapore Postကဖော်ပြသည်။

၂၀၁၀ မှ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ခဲ့သော တရားရုံးဆုံးဖြတ်ချက် သန်း ၅၀ ကျော်တွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့်ပတ်သက်ပြီး လူသိရှင်ကြား ဖြစ်ခဲ့သည့်အမှု ၃၄ မှုသာရှိကာ ၎င်းအနက် ၂ မှုသာ နှောင့်ယှက် သူများကို တရားစွဲနိုင်ခဲ့သည်။ သို့သော် နှစ်မှုစလုံး သက်သေအထောက်အထားမရှိသည့်အတွက် ပယ်ချ ခံခဲ့ရသည် ဟု The Singapore Postကဆိုသည်။

ဒေသတွင်း၌ နှောင့်ယှက်မှုတိုက်ဖျက်ရေးဥပဒေများကိုလည်း ပြဌာန်းထားပြီးဖြစ်သော်လည်း အမြဲတမ်း လိုက်နာပြီး အကောင်အထည်ဖော်ခြင်းမရှိပေ။

 MeTooလှုပ်ရှားမှုသည် ၂၀၁၈ ခုနှစ်ကတည်းက တရားရေးစနစ်ထဲသို့ ဝင်ရောက်ခဲ့သော်လည်း တစ်ခုမှ သိသာသောရလဒ်များ ပေါ်ထွက်မလာခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required