ပါကစ္စတန်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး လူမဆန်စွာ သတ်ဖြတ်ခံရ

By Zee5
21 September 2022
ပါကစ္စတန်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၃ ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး လူမဆန်စွာ သတ်ဖြတ်ခံရ

ပါကစ္စတန်နိုင်ငံတွင် ပျောက်ဆုံးနေသည့် MQM (မွတ်တာဟီဒါ ကွာမီ လှုပ်ရှားမှု) ပါတီဝင် တက်ကြွလှုပ်ရှားသူ ၃ဦး လူမဆန်ရက်စက်စွာ ဥပဒေမဲ့သတ်ဖြတ်ခံရမှုဖြစ်စဉ်က လူအများကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

နှိပ်စက်ညှဉ်းပန်းခံထားရသည့် ၎င်းတို့ ၃ဦး၏ ရုပ်အလောင်းများကို ဆင်းဒ်ပြည်နယ်၏ မတူညီသော နေရာများမှ ပြန်ရှာတွေ့ခဲ့သည်။

ပျောက်ဆုံးနေသော MQM တက်ကြွလှုပ်ရှားသူများဖြစ်ကြသည့် အီရာဖန် ဘက်ဆရတ်၊ အာဘစ် အက်ဘာစီနှင့် ဝါဆင်းမ် အက်ခ်တာ ခေါ် ရာဂျိုတို့သည် စက်တင်ဘာ ၁၄ ရက်က တရားဥပဒေမဲ့ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
 
အဆိုပါ ၃ဦးစလုံးသည် ပါကစ္စတန်စစ်တပ်ကို ထောက်ကူနေသော ရိန်းဂျားတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်ဟု သိရသည်။ ၎င်းတို့၏ ညှဉ်းပန်းနှိပ်စက်ခံထားရသည့် အလောင်းများသည် ဆင်းဒ်ပြည်နယ်၏ မတူညီသော နေရာများတွင် စွန့်ပစ်ခံထားရသည်။ ဤမတိုင်မီ MQM ခေါင်းဆောင်များသည် ရိန်းဂျားတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရပြီးနောက် နှစ်နှင့်ချီကြာ ပျောက်ဆုံးမှုများ ရှိခဲ့သည်။

ရိန်းဂျားတပ်ဖွဲ့သည် ပါကစ္စတန်စစ်တပ်၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုအဖွဲ့၏ နယ်မြေတပ်မှူးသည် စစ်တပ် ဗိုလ်ကြီး သို့မဟုတ် ဗိုလ်မှူးအဆင့် အရာရှိတစ်ဦး ဖြစ်သည်။

ယခုကဲ့သို့ MQM ပါတီဝင်သုံးဦး တရားဥပဒေမဲ့ သတ်ဖြတ်ခံရမှုကြောင့် ပြီးခဲ့သည့် ၁၂ နာရီအတွင်း အဆိုပါ နိုင်ငံတွင် ပြည်သူများ အလွန်တရာ စိတ်ထိခိုက်ဝမ်းနည်းခဲ့ကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required