တရုတ်တွင် သီးခြားခွဲထားမည့်  နေရာသို့သွားသည့် လူနာတင် ဘတ်စ်ကားတိမ်းမှောက်သည့်အတွက် ၂၇ဦး သေဆုံးပြီး ၂၀ဒဏ်ရာရ

တရုတ်တွင် သီးခြားခွဲထားမည့်  နေရာသို့သွားသည့် လူနာတင် ဘတ်စ်ကားတိမ်းမှောက်သည့်အတွက် ၂၇ဦး သေဆုံးပြီး ၂၀ဒဏ်ရာရ

တရုတ်အနောက်တောင်ပိုင်းကွေကျိုးပြည်နယ်ရှိ  ကားလမ်းပေါ်တွင် သီးသန့်ခွဲခြားနေထိုင်ရာနေရာသို့   လူများ တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ၂၇ဦးသေဆုံးကာ ၂၀ဦး ဒဏ်ရာရရှိခဲ့သည်။

တရုတ်၏ "ကိုဗစ်လုံးဝကင်းစင်ရေး" မူဝါဒကို ဝေဖန်သူများက ယခုဖြစ်ရပ်အပေါ် အွန်လိုင်းတွင် ပြစ်တင် ဝေဖန်ခဲ့ကြသည်။

တရုတ်အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒတွင် အစုလိုက်အပြုံလိုက်စမ်းသပ်ခြင်းနှင့် နောက်ကြောင်းလိုက် စောင့်ကြည့်ခြင်းတို့ ပါဝင်သည်။

ရောဂါရှိကြောင်း စမ်းသပ်တွေ့ရှိသူနှင့် အနီးကပ်ထိတွေ့သူများသည်အိမ်တွင် သို့မဟုတ် သီးခြားခွဲထားသည့်နေရာတွင် သီးခြားခွဲနေရမည်ဖြစ်သည်။ အနည်းငယ်ကူးစက်မှုကိုပင် တစ်မြို့လုံးကို ပိတ်ဆို့ကန့်သတ်မှု ဖြစ်ပွားနိုင်သည်။

"ကျွန်တော်တို့အားလုံးအဲဒီဘတ်စ်ကားပေါ်မှာရှိနေပါတယ်"  မီဒီယာအက်ပ်လီကေးရှင်း WeChat တွင် တင်ထား သည့် နာမည်ကြီးမှတ်ချက်တစ်ခုကဖော်ပြနေသည်။

အခြားမှတ်ချက်တစ်ခုက "ဒါတွေအားလုံးကဘယ်အချိန်မှာရပ်တန့်မှာလဲ" ဟုမေးထားသည်။

ကွေ့ကျိုးမြို့တွင်လက်ရှိတွင်ရောဂါကူးစက်မှုမြင့်မားနေသည်။ အဆိုပါ ပြည်နယ်သည် စက်တင်ဘာ၁၇ရက်က ကူးစက်မှုအသစ်၇၁၂ခုကို စာရင်းရရှိ ခဲ့ပြီး တစ်နိုင်ငံလုံး စုစုပေါင်းကူးစက်မှု၏ ၇၀ရာခိုင်နှုန်းခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required