တရုတ်လူငယ်များ၏ အလုပ်လက်မဲ့နှုန်း ဩဂုတ်လအတွင်း ၁၈ရာခိုင်နှုန်းကျော်ရှိ

တရုတ်လူငယ်များ၏ အလုပ်လက်မဲ့နှုန်း ဩဂုတ်လအတွင်း ၁၈ရာခိုင်နှုန်းကျော်ရှိ

တရုတ်တွင် အသက်၁၆နှစ်မှ၂၄နှစ်ကြား လူငယ်အလုပ်လက်မဲ့သည် ၁၈ဒသမ၇ရာခိုင်နှုန်းရှိပြီး ဇူလိုင်လတွင် စံချိန်တင် ၁၉ဒသမ၉ရာခိုင်နှုန်းမှ အနည်းငယ်ကျဆင်းသွားကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသည်။
 
နိုင်ငံတော် စာရင်းအင်းဗျူရို (NBS) ၏အချက်အလက်များကိုကိုးကားပြီး သြဂုတ်လက မြို့ပြစစ်တမ်း ကောက်ယူမှုတွင် အလုပ်လက်မဲ့နှုန်းသည် ၅ဒသမ၃ရာခိုင်နှုန်းရှိပြီး ယခင်လကထက် ဝဒသမ၁ရာခိုင်နှုန်း ကျဆင်းသွားကြောင်း Global Times ကဖော်ပြခဲ့သည်။

"သြဂုတ်လတွင် အသက်၁၆နှစ်မှ၂၄နှစ်ကြား လူငယ်အလုပ်လက်မဲ့နှုန်း ၁၈ဒသမ၇ရာခိုင်နှုန်းရှိပြီး ဇူလိုင်လထက် ၁ဒသမ၂ရာခိုင်နှုန်း နည်းပါးသည်" ဟု Global Times ကဖော်ပြခဲ့သည်။

တရုတ်တွင် လူငယ်အလုပ်လက်မဲ့နှုန်းသည် ၁၉ဒသမ၉ရာခိုင်နှုန်းအထိစံချိန်တင် မြင့်တက်ခဲ့ကြောင်း အစောပိုင်းတွင် NBS ကပြောကြားခဲ့သည်။

ပညာရေးဝန်ကြီးဌာနကိုကိုးကားပြီး တရုတ်ပြည်တွင်းမီဒီယာပေါ်တယ် Global Times က ၂၀၂၂ခုနှစ်တွင် ကောလိပ်ဘွဲ့ရဦးရေသည် ၁၀ဒသမ၇၆သန်းအထိ ရှိလာနိုင်ပြီး၂၀၂၁ခုနှစ်ထက် ၁ဒသမ၆၇သန်းပိုများလာကာ ပထမအကြိမ်အဖြစ်၁၀သန်းကျော်အထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။

ထို့ပြင်  မြို့ပြအလုပ်လက်မဲ့နှုန်းမှာဧပြီလတွင် ၆ဒသမ၁ရာခိုင်နှုန်း၊မေလတွင် ၅ဒသမ၉ရာခိုင်နှုန်းနှင့်ဇွန်လတွင် ၅ဒသမ၅ရာခိုင်နှုန်းရှိသည်။

ဇွန်လတွင် ၁၉ဒသမ၃ရာခိုင်နှုန်းနှင့်မေလတွင် ၁၈ဒသမ၄ရာခိုင်နှုန်းနှင့်နှိုင်းယှဉ်ပါက လူငယ်အလုပ်လက်မဲ့နှုန်းသည်ဇူလိုင်လတွင် ၁၉ဒသမ၉ရာခိုင်နှုန်းအထိစံချိန်တင် မြင့်တက်ခဲ့သည်။

ထို့ပြင်ကိုဗစ်ကူးစက်ရောဂါ၏သက်ရောက်မှုကြောင့်စီးပွားရေးလုပ်ငန်းများသည်လူသစ်စုဆောင်းမှု နည်းပါးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly