ပါကစ္စတန်တွင် ပြီးခဲ့သည့် ၆ လအတွင်း ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုပေါင်း ထောင်ချီ ဖြစ်ပွားခဲ့

By Latestly
20 September 2022
ပါကစ္စတန်တွင် ပြီးခဲ့သည့် ၆ လအတွင်း ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုပေါင်း ထောင်ချီ ဖြစ်ပွားခဲ့

ပါကစ္စတန်နိုင်ငံတွင် ပြီးခဲ့သည့် ခြောက်လတာအတွင်း ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စဉ်ပေါင်း ၂၀၀၀ ကျော်အထိ ဖြစ်ပွားခဲ့သည် ဖြစ်ရာ ယင်းက အဆိုပါနိုင်ငံရှိ မနှစ်မြို့စရာ လူ့အခွင့်အရေးအခြေအနေကို ပြသလျက် ရှိသည်။

ပြီးခဲ့သည့် ခြောက်လအတွင်း ယောက်ျားလေးနှင့် မိန်းကလေးငယ်များကို ညှဉ်းပန်းနှိပ်စက်ခံရမှုဖြစ်စဉ်ပေါင်း ၂၂၁၁ ခုနီးပါးအထိ စာရင်းသွင်းအမှုဖွင့်ထားခဲ့ကြောင်းကို ကိန်းဂဏန်းအချက်အလက်များက ပြသနေသည်ဟု အစိုးရ မဟုတ်သော အဖွဲ့အစည်း (NGO) တစ်ခု၏ အစီရင်ခံစာတစ်ရပ်ကို ကိုးကားပြီး The News International မီဒီယာက ဖော်ပြသည်။

ကလေးများ လိင်စော်ကားခံရမှုဆိုင်ရာ ဒေတာအချက်အလက်များကို သတင်းစာ ၇၉ စောင်မှ စုဆောင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

ထိုအမှုဖြစ်စဉ်များအနက် အများစုကို အဓမ္မပြုကျင့်မှု၊ ဓမ္မတာနှင့် ဆန့်ကျင် ကာမဆက်ဆံမှု၊ လိင် စော်ကားမှုကျူးလွန်ရန် ပြန်ပေးဆွဲခေါ်ဆောင်မှုတို့အဖြစ် အမျိုးအစားခွဲခြားနိုင်ကြောင်း The News International က ဖော်ပြသည်။

ပါကစ္စတန်တွင် ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်များ ပျံ့နှံ့ဖြစ်ပွားနေခြင်းက နိုင်ငံတွင် အဓိကစိုးရိမ်ပူပန်စရာ အကြောင်းရင်းတစ်ခု ဖြစ်လာခဲ့သည်။

အမျိုးသမီးများ တိုင်ကြားသည့် ကလေးသူငယ် လိင်စော်ကားမှု ဖြစ်စဉ်များက အမျိုးသားများ တိုင်ကြားသည့် ဖြစ်စဉ်များထက် အရေအတွက်အားဖြင့် ပိုများကြောင်း ကျား/မ အုပ်စုခွဲခြားမှု အကဲဖြတ်ချက်တစ်ရပ်ကို ကိုးကာ းပြီး The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly