ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုကို ဥရောပပါလီမန်အဖွဲ့ဝင်များ ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုကို ဥရောပပါလီမန်အဖွဲ့ဝင်များ ရှုတ်ချ

ထိုင်ဝမ်ရေလက်ကြားတွင်တရုတ်ကကျည်အစစ်များဖြင့်စစ်ရေးလေ့ကျင့်မှုကိုရှုတ်ချကြောင်းဆုံးဖြတ်ချက်ကို ဥရောပပါလီမန်အဖွဲ့ဝင်များကထောက်ခံခဲ့ကြပြီး ဥရောပသမဂ္ဂနှင့် ထိုင်ဝမ်ကြားပိုမိုနီးကပ်သောဆက်ဆံရေးရှိရန် တောင်းဆိုလိုက်သည်။

ကန့်ကွက်၁၄မဲနှင့် ကြားနေမဲ၄၆မဲ၊လွှတ်တော်အမတ်၄၂၄ဦး၏ ထောက်ခံမဲဖြင့်ရရှိခဲ့သည့် ဆုံးဖြတ်ချက်တွင် တရုတ်က ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်းလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရန်တောင်းဆိုထားသည်။

 အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီက ကိုယ်ပိုင်အုပ်ချုပ်နေသည့်ထိုင်ဝမ်သို့ စည်းလုံးညီညွတ် ကြောင်းဖော်ပြသည့် ခရီးထွက်လာပြီးနောက်သြဂုတ်လက ထိုင်ဝမ်အနီးတွင် တရုတ်ကလေယာဉ် အမြောက် အမြားဖြန့်ကျက်ပြီးကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများပြုလုပ်သည်။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါဆုံးဖြတ်ချက်ကိုကြိုဆိုခဲ့ပြီး ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင် ရှိကြောင်းပြောကြားကာအဆိုပါလှုပ်ရှားမှုသည်ထိုင်ဝမ်ရေလက်ကြားတွင်ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ပါတီပေါင်းစုံမှ ထိပ်တန်းအဆင့်များ၏ စိုးရိမ်ကြောင်း ဖော်ပြမှုဖြစ်ကြောင်း ဆိုခဲ့သည်။

ထိုင်ဝမ်ကိုယင်း၏ ပြည်နယ်များထဲမှ တစ်ခုအဖြစ်မြင်ပြီး ထိုင်ဝမ်ကိုအင်အားသုံး၍ သိမ်းယူခွင့်ရှိကြောင်း ကာလရှည် ကြာစွာကတည်းကတရုတ်ကပြောဆိုထားပြီးထိုင်ဝမ်နှင့်ယင်း၏ကွဲလွဲမှုသည် ပြည်တွင်းရေး ကိစ္စဖြစ်သည်ဟု ဆိုသည်။

ထိုင်ဝမ်၏မဟာဗျူဟာကျသောကုန်သွယ်မှုအနေအထားနှင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပါအဝင်နည်းပညာမြင့်ကဏ္ဍများ၏ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွင်ယင်း၏ဦးဆောင်မှုအခန်းကဏ္ဍကိုအသိအမှတ်ပြု သဖြင့် ဥရောပပါလီမန်၏ ဆုံးဖြတ်ချက်တွင် ထိုင်ဝမ်နှင့် ဆက်ဆံရေးကိုခိုင်မာစေရန် ဥရောပသမဂ္ဂအား တောင်းဆိုခဲ့သည်။
 
ဥရောပသမဂ္ဂသည်တရားဝင်သံတမန်ဆက်ဆံရေးမရှိသည့်အတွက်တိုင်ပေမြို့ရှိဥရောပစီးပွားရေးနှင့်ကုန်သွယ် ရေး ကိုယ်စားလှယ်ရုံးမှတစ်ဆင့်သာ ဆက်ဆံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required