တရုတ်က အမေရိကန်၏ ခြိမ်းခြောက်မှုကို သတိပေးသည့်အနေဖြင့် ယူကရိန်းစစ်ပွဲကို အသုံးချပြနေ

တရုတ်က အမေရိကန်၏ ခြိမ်းခြောက်မှုကို သတိပေးသည့်အနေဖြင့် ယူကရိန်းစစ်ပွဲကို အသုံးချပြနေ

တရုတ်နိုင်ငံသည် အမေရိကန်၏ ခြိမ်းခြောက်မှုများကို သတိပေးသည့်အနေဖြင့် ရုရှား-ယူကရိန်း အကျပ်အတည်းကို အပြည့်အဝအသုံးချပြနေပြီး ‘မျောက်ကိုခြောက်လှန့်ရန် ကြက်ကိုသတ်ပြခြင်း’ ဟူသော ရှေးဟောင်း ဥပမာနှင့်နှိုင်းယှဉ်၍ GeoPolitica က ဖော်ပြထားသည်။

ယူကရိန်းကို ရုရှားကျူးကျော်ခြင်းနှင့်ပတ်သက်၍ နေတိုး၏ တိုးချဲ့မှုကို တရုတ်က အပြစ်တင်ခြင်းမှ အစပြု၍ NATO ၌ ပါဝင်လိုသော ယူကရိန်း၏ ဆန္ဒအထိ သို့မဟုတ် စစ်ပွဲဖြစ်ပွားမှုအပေါ် ရုရှားကို ဆန့်ကျင်သော ပိတ်ဆို့ အရေးယူမှုများကို ရှုတ်ချသည်အထိ လက်ရှိဖြစ်ပေါ်နေသော အာဏာပဋိပက္ခကြားတွင် တရုတ်၏ ရည်မှန်းချက် များသည် အမေရိကန်ကို ခြိမ်းခြောက်ရန်သာဖြစ်ကြောင်း GeoPolitica က ဖော်ပြသည်။

တရုတ်သည် ကြီးမားသော မဟာဗျူဟာပြဿနာအလယ်သို့ ရောက်ရှိလာချိန်တွင် အနောက်နိုင်ငံများအပေါ် ရှုတ်ချမှု များစွာ လုပ်ဆောင်လာသည်။
 
Carnegie Endowment for International Peaceအကြံပေးအဖွဲ့မှ စာရေးဆရာ အီဗန်ဖိန့်ဂင်ဘမ်က ရုရှား-ယူကရိန်းစစ်ပွဲတွင် တရုတ်၏အဓိကရည်ရွယ်ချက် ၃ ခုကို ထောက်ပြခဲ့သည်။

ပထမအချက်မှာ ရုရှားနှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြစ်သည်။ ဒုတိယမှာ “နယ်မြေပိုင်ဆိုင်မှု” နှင့် “ဝင်ရောက်စွက်ဖက်ခြင်းမပြု” ဟူသော နှစ်ရှည်လများ ရပ်တည်လာသော နိုင်ငံခြားရေး မူဝါဒများဆိုင်ရာ ၎င်း၏ကတိကဝတ်ကို ပြသရန်ဖြစ်ပြီး နောက်ဆုံးတစ်ချက်မှာ အီးယူနှင့် အမေရိကန်တို့၏ ဒဏ်ခတ် ပိတ်ဆို့မှုများမှရရှိလာမည့် ထိခိုက်ပျက်စီးမှုကို လျှော့ချလိုသည့် တရုတ်နိုင်ငံ၏ ဆန္ဒဖြစ်ကြောင်း GeoPolitica က ဖော်ပြခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ကတည်းက တရုတ်နိုင်ငံမှ တာဝန်ရှိသူများသည် ကမ္ဘာအနှံ့ ခရီးထွက်လျက်ရှိသည်။  ဖေဖော်ဝါရီ ၂၄ ရက်မှ မေလ ၁၉ ရက်အထိ တရုတ်သည် ယူကရိန်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို ဖြေရှင်းရန် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် သံတမန်ရေးရာ ဆွေးနွေးပွဲ ၆၄ ခု ပြုလုပ်ခဲ့သည်။

သို့သော် သံတမန်ရေးကြိုးပမ်းမှုကို ကဏ္ဍ ၂ ခုခွဲထားသည်။ ပထမအဆင့်သည် အနောက်နိုင်ငံများ၏ မူဝါဒရလဒ်များ၏ အကျိုးသက်ရောက်မှုကို စီမံခန့်ခွဲရန် အနောက်နိုင်ငံများအပေါ် အာရုံစိုက်ပြီး ဒုတိယအဆင့်မှာ ပိုမိုဆင်းရဲသောနိုင်ငံများကို အလေးထားမည့် တရုတ်နိုင်ငံ၏ အရွေ့ဖြစ်သည်။

ဥပမာ မတ်လ ၁၅ ရက်နေ့တွင် အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်သည် ပေါ်လစ်ဗျူရို အဖွဲ့ဝင် ယန်ကျဲ့ချီနှင့် တွေ့ဆုံခဲ့ပြီး စည်းလုံးညီညွှတ်သော NATO အဖွဲ့ဆိုင်ရာ အမေရိကန်၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့သည်။ ထိုအစည်းအဝေးအပြီးတွင် ယန်ကျဲ့ချီသည် တရုတ်နိုင်ငံ၏ သံတမန်ရေး လှုပ်ရှားမှုကို ဆင်းရဲသောနိုင်ငံများဘက်သို့ အာရုံပြောင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required