ဇမ်ဘီယာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မရွေးချယ်ဘဲ IMF မှ ချေးငွေကိုလက်ခံ

ဇမ်ဘီယာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မရွေးချယ်ဘဲ IMF မှ ချေးငွေကိုလက်ခံ

တရုတ်ကြွေးမြီအောက်ရောက်ရှိနေသော ဇမ်ဘီယာနိုင်ငံသည်   နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၁ဒသမ ၃ ဘီလီယံ ချေးငွေကို   လက်ခံရရှိသွားပြီဖြစ်ကြောင်း Financial Post သတင်းတွင် ဖော်ပြထားသည်။

ဇမ်ဘီယာဘဏ္ဍာရေးဝန်ကြီး စီတမ်ဘက်ကိုမူဆိုကိုတွိန်းသည်IMF ထံမှ   အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံချေးငွေကို ဆိုင်းငံ့ကာလ ၅ နှစ်ခွဲ နှင့် ပေးဆပ်ရန် ကာလ ၁၀ နှစ် သတ်မှတ်ကာ ရရှိခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်မဟုတ်သော ပုဂ္ဂလိကမြီရှင်များနှင့်ယှဉ်လျှင် ဇမ်ဘီယာသည် တရုတ်ထံ ၎င်းကြွေးမြီများ၏ ၃၀ ရာခိုင်နှုန်းနီးပါး တင်ရှိနေချိန်တွင် IMF ထံမှ ချေးငွေရလာခြင်းဖြစ်သည်။

IMF သဘောတူညီချက်သည် တရုတ်ကြွေးမြီ သံခင်းတမန်ခင်းထောင်ချောက်အောက်၌ရှိ ဝင်ငွေနည်းပါးသော သို့မဟုတ် ဝင်ငွေအလယ်အလတ်ရှိသော တခြားနိုင်ငံများအတွက် အလွန်အရေးပါပြီး ကြီးမားသော ထောက်ပံ့ ပေးကမ်းမှုဖြစ်ကြောင်း Financial Postကဖော်ပြခဲ့သည်။

IMF သဘောတူညီချက်ကို သေချာစိစစ်ကြည့်ပါက ဇမ်ဘီယာသည် အစဉ်အလာအားဖြင့် တရုတ်က ငွေကြေး ထောက်ပံ့သည့် အများပြည်သူအဆောက်အဦများတွင် ရင်းနှီးမြှုပ်နှံမှုများထက် ထပ်တလဲလဲ ဖြစ်ပေါ်နေသည့် ကုန်ကျစရိတ်များကို ဦးစားပေးစဉ်းစားလိမ့်မည်ဟု နားလည်ရသည်။

ဇမ်ဘီယာသည် စီစဉ်ထားသော စီမံကိန်း ၁၂ ခုကို လုံးဝဖျက်သိမ်းသွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။  ၎င်းစီမံကိန်းမျာအနက် တစ်ဝက်မှာ တရုတ် EXIM Bank မှ ငွေကြေးထောက်ပံ့သည်ဟု ခန့်မှန်းရပြီး ICBC ဘဏ်က တက္ကကသိုလ်တစ်ခုအတွက်နဲ့ ကျန်းရှီးကော်ပိုရေးရှင်းက မြို့တော်မှ အဝေးပြေးလမ်းနှစ်ခုအတွက် ထောက်ပံ့သည့် စီမံကိန်းများလည်း ပါဝင်သည်။
 
ထို့ပြင် ဇမ်ဘီယာအစိုးရသည် မပေးချေရသေးသော ချေးငွေပေါင်း ၂၀ ကို ဖျက်သိမ်းခဲ့ပြီး အချို့မှာ အသစ်စက်စက် စီမံကိန်းများအတွက်ဖြစ်ကာ အချို့မှာ လက်ရှိလုပ်ဆောင်နေသည့် စီမံကိန်းများအတွက် ဖြစ်သည်။ ထိုသို့ဖျက်သိမ်းခြင်းသည် ဇမ်ဘီယာအတွက် လုပ်ရိုးလုပ်စဉ်မဟုတ်သော်လည်း အဆိုပါ ချေးငွေအများစုသည်  တရုတ်လုပ်ဖော်ကိုင်ဖက်များထံမှဖြစ်သည်။

တရုတ်သည် အမှန်စင်စစ် ရင်းမြစ်များကို ရှာဖွေနေခြင်းဖြစ်သောကြောင့် အာဖရိကနိုင်ငံများကို ပေးသော ချေးငွေနှင့်စပ်လျဉ်း၍ ပရိယာယ်သုံးနေသည်။
 ချေးငွေအတွက် ပြန်ဆပ်မှုကို ငွေသားမဟုတ်ဘဲ  မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ ဦးစွာပေးပို့စေခြင်းအားဖြင့် ပြန်လည်ဆပ်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required