တရုတ်က မဟာဗျူဟာမြောက်ကဏ္ဍများကို အဓိကထားကာ အာရပ်နိုင်ငံများသို့  ထိုးဖောက်နေ

By Economics Times
18 September 2022
တရုတ်က မဟာဗျူဟာမြောက်ကဏ္ဍများကို အဓိကထားကာ အာရပ်နိုင်ငံများသို့  ထိုးဖောက်နေ

တရုတ်က အာရပ်နိုင်ငံများနှင့် အစ္စရေးတို့တွင် ရေနံ၊အခြေခံအဆောက်အအုံ၊စစ်ရေး၊လျှပ်စစ်၊နည်းပညာနှင့် မီဒီယာများအပါအဝင် ကဏ္ဍအသီးသီး၌ ဖြည်းဖြည်းမှန်မှန် တိုးချဲ့ ဝင်ရောက်လျက်ရှိသည်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်ပြီးနောက် အမေရိကန် မဟာမိတ်အချို့ အပါအဝင် အာရပ်နိုင်ငံများက တရုတ်အစိုးရ၏ တစ်နိုင်ငံမူဝါဒအပေါ် တခဲနက် ထောက်ခံမှုများ ရရှိလာခြင်းသည် ဒေသတွင်း အရေးပါသည့် နိုင်ငံများ၏ ကဏ္ဍအသီးသီးတွင် တရုတ်၏ ကြီးထွားလာနေသည့် ပံ့ပိုးကူညီမှုကို ရောင်ပြန်ဟပ်နေသည်။ 

Saudi Aramco နှင့် တရုတ်နိုင်ငံပိုင် SINOPEC တို့သည်သြဂုတ်လက ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် BRI စီမံကိန်းနှင့်  Saudi Vision 2030 တို့အကြား  ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

ယင်းသည် ဆယ်မန်ဘုရင်စွမ်းအင်ဇုန်တွင် ထုတ်လုပ်မှု အချက်အချာတစ်ခုဖန်တီးခြင်းသို့ ဦး တည်သွားနိုင်ကြောင်း ET မှလေ့လာသိရှိခဲ့သည်။

Saudi Vision 2030 အတွက်နည်းပညာပိုင်းအဓိက ပံ့ပိုးသူအဖြစ် တရုတ်က ပေါ်ထွက်လာခဲ့သည်။

China Communication Service Corporation (CCS) Limited သည် Saudi Electric Company နှင့် Saudi Telecom ကုမ္ပဏီများသို့ဖိုက်ဘာကွန်ရက်ဝန်ဆောင်မှုများကိုပံ့ပိုးပေးနေကြောင်း သတင်းရင်းမြစ်များက အရိပ်အမြွက်ပြောကြားခဲ့သည်။

CCS သည် Saudi GSM လုပ်ငန်းများကိုလည်း  ဝန်ဆောင်မှုများ ပေးနေသည်ဟု သတင်းရရှိပါသည်။ ထို့ပြင် ဆော်ဒီအာကာသကော်မရှင်သည် Huawei နှင့်ပူးပေါင်းဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly