IMF အကျပ်အတည်းနှင့်တရုတ်၏အခန်းကဏ္ဍ

By Colombo Gazette
18 September 2022
IMF အကျပ်အတည်းနှင့်တရုတ်၏အခန်းကဏ္ဍ

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) ကသီရိလင်္ကာသို့ချေးထားသည့် ယင်းတို့၏ချေးငွေများကို ပြန်လည်ဖွဲ့စည်းရန် မြီရှင်များအား ဖိအားပေးသည့် အခြေအနေမှာယခုထိအသက်မဝင်သေးဘဲ အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်က နှုတ်ဆိတ်နေပြီး IMF မှချေးငွေပေးရေးဆိုင်ရာဆွေးနွေးမှုများသည်ဝန်ထမ်းများ၏ သဘောတူညီချက်အဆင့်တွင် ရှိနေဆဲဖြစ်သည်။

IMF ကိုယ်စားလှယ်များက ၎င်းတို့အဆိုပြုထားသော စံနှုန်းများကိုသတ်မှတ်ပေးရန် အတိုက်အခံများက တောင်းဆိုသဖြင့် IMF ၏ထောက်ပံ့ငွေနှင့်ပတ်သက်၍ ရှေ့မတိုးနောက်မဆုတ်ဖြစ်နေသည်။

သီရိလင်္ကာသည် IMF အရာရှိများနှင့် အမေရိကန်ဒေါ်လာ၂ဒသမ၉ဘီလီယံ သဘောတူညီချက်ကို သဘော တူညီခဲ့သော်လည်း အဓိကအားဖြင့်တရုတ်၊ဂျပန်နှင့်အိန္ဒိယတို့နှင့်ကြွေးမြီပြန်လည်ပြင်ဆင်ရေးတွင် သိသာထင်ရှားသော တိုးတက်မှုများမပြုလုပ်မချင်း ငွေသားသည် သီရိလင်္ကာသို့စီးဝင်လာမည်မဟုတ်ပေ။

IMF ဝန်ထမ်းများနှင့်သီရိလင်္ကာအာဏာပိုင်များသည်သီရိလင်္ကာ၏ စီးပွားရေးမူဝါဒများကို ၄၈လ အထိပံ့ပိုး ကူညီရန်ဌာနဆို်ငရာ ဝန်ထမ်း အဆင့်သဘောတူညီချက်တစ်ရပ်ကို Extended Fund Facility (EFF) အရ အမေရိကန်ဒေါ်လာ၂ဒသမ၉ဘီလီယံပေးရန်သဘောတူခဲ့သည်။

ထို့ပြင်  ဘဏ္ဍာရေးတည်ငြိမ်မှုကို အကာအကွယ်ပေးကာ အကျင့်ပျက်ခြစားမှုအားနည်းချက်များကို လျှော့ချပြီး သီရိလင်္ကာ၏ 
တိုးတက်မှုအလားအလာများကို ဖွင့်ပေးမည်ဖြစ်ပြီး EFF အစီအစဉ်သစ်သည် သီရိလင်္ကာ၏ မက်ခရိုစီးပွားရေးတည်ငြိမ်မှုနှင့် ကြွေးမြီများ ရေရှည်တည်တံ့ခိုင်မြဲမှုကို ပြန်လည်ထူထောင်ရန် အစီအစဉ်ကို ပံ့ပိုး ပေးမည်ဖြစ်သည်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးအလီဆာဘီက ဂျပန်နှင့်အိန္ဒိယကဲ့သို့ တရုတ်ကယင်း၏ ချေးငွေပြန်ဆပ်မှုကို ပြန်လည်ဖွဲ့စည်းရန် သဘောတူလိမ့်မည်ဟု အကောင်းမြင်နေသည်။

သီရိလင်္ကာအနေဖြင့် IMF ထောက်ပံ့ရေး ရန်ပုံငွေ ရရှိရေးအတွက် မြှီရှင်များကို ဂျပန်အစိုးရက ဖိတ်ကြားပေးရေး တိုက်တွန်းရန် သမ္မတရာနေးသည် စက်တင်ဘာ၂၅ရက်တွင် ဂျပန်သို့သွားရောက်ရန်စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly