ပါကစ္စတန်စစ်တပ်က ပက်ရှ်တွန်မျိုးနွယ်စုဝင်များကို ရန်လိုစွာ ပစ်မှတ်ထားနေခြင်းက လူမှုဆိုင်ရာ သဘောကွဲလွဲမှုကို ဖြစ်စေနိုင်

ပါကစ္စတန်စစ်တပ်က ပက်ရှ်တွန်မျိုးနွယ်စုဝင်များကို ရန်လိုစွာ ပစ်မှတ်ထားနေခြင်းက လူမှုဆိုင်ရာ သဘောကွဲလွဲမှုကို ဖြစ်စေနိုင်

ပါကစ္စတန်စစ်တပ်သည် ပက်ရှ်တွန်မျိုးနွယ်စုဝင်များကို ရန်လိုစွာ ပစ်မှတ်ထားရန် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခဲ့သလို စီမံအုပ်ချုပ်မှုဆိုင်ရာ ဩဇာအရှိန်အဝါများအပေါ် ထိန်းချုပ်မှုနှင့် ဥပဒေစနစ်တို့ကို အသုံးချခဲ့သည်။ စစ်တပ်၏ အဆိုပါ လုပ်ဆောင်ချက်က နိုင်ငံတွင် လူမှုဆိုင်ရာ သဘောထားကွဲလွဲမှုများကို ဖြစ်စေနိုင်သည့် အန္တရာယ် ရှိသည်။

ပက်ရှ်တွန် တဟာဖက်ဇ် လှုပ်ရှားမှု (PTM) အဖွဲ့၏ ငြိမ်းချမ်းသော ဆန္ဒပြမှုများအပေါ် တုံ့ပြန်မှုကို ကြည့်မည်ဆိုပါက ပါကစ္စတန်စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များတွင် လွှမ်းမိုးထားသည့် ခြယ်လှယ်ဗိုလ်ကျပြီး သူတစ်ပါးအပေါ် ယုံမှားသံသယ လွန်ကဲသည့် အလေ့အထကို မြင်တွေ့ရမည် ဖြစ်ကြောင်း အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ ဖိုရမ် (IFFRAS) က ထုတ်ဖော်သည်။

 PTM သည် ပါကစ္စတန် လုံခြုံရေးယန္တရား၏ ဖိနှိပ်မှုဒဏ်ခံရသော ပက်ရှ်တွန်များအတွက် လူ့အခွင့်အရေးကို အဓိက တောင်းဆိုသည့် ငြိမ်းချမ်းသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။

ကရာချိ ရဲတပ်ဖွဲ့၏ ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် နာခီဘူလာ မီဆက်ဒ်အတွက် တရားမျှတမှု ရရှိရေး လှုပ်ရှားမှုတစ်ခုကို စတင်ခဲ့ချိန်တွင် အဆိုပါ လှုပ်ရှားမှုသည် လူသိများ ထင်ရှားလာသည်။

အဆိုပါ လှုပ်ရှားမှုသည် အကြမ်းမဖက် ငြိမ်းချမ်းသော ဆန္ဒပြမှုများကို တင်းကျပ်စွာ စောင့်ထိန်းလိုက်နာသလို ပက်ရှ်တွန်များ အတင်းအကျပ် ဖမ်းဆီးခံ ပျောက်ဆုံးမှုများနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခံရမှုများအတွက် တာဝန် ခံမှု ရှိစေရေး တောင်းဆိုသည်။ ထို့ပြင် ပါကစ္စတန် စစ်တပ်၊ ထောက်လှမ်းရေး (ISI) နှင့် အခြားသော အေဂျင်စီများ မကြာခဏ အသုံးပြုသည့် နည်းလမ်းများမှ ပက်ရှ်တွန်တို့၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ထိုလှုပ်ရှားမှုက ကြိုးပမ်းသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required