ပါကစ္စတန် တောင်ပိုင်းဝါဇီရစ္စတန်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကြောင့် လူ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်

ပါကစ္စတန် တောင်ပိုင်းဝါဇီရစ္စတန်တွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများကြောင့် လူ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The News International မီဒီယာက ဖော်ပြသည်။
 
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်သည် တောင်ပိုင်း ဝါဇီရစ္စတန်ခရိုင် ဘီရာမီလ် အရပ် အာဇမ် ဝါဆက်ခ် ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပြည်တွင်းမီဒီယာက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။

ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် ကန်ထရိုက်တာသည် မိုဟာမက် အန်ဝါ ဆူလီမန်ခဲလ် ဖြစ်ပြီး ၎င်းသည် နေအိမ်သို့ ကားဖြင့် ပြန်လာစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။
 
အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားကြောင်းကို ခရိုင်ရဲအရာရှိ ခန်ဇက်ဘ် ခန်း မိုမန်က အတည်ပြုသည်။
 
အဆိုပါ ပြည်နယ်တွင် သီးခြားဖြစ်ပွားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ဒီရာ အစ္စမေးလ် ခန်း ခရိုင် ချတ်ရှ်မာ လမ်း တာဂျ်နယ်မြေရှိ ကျမ်းစာသင်ကျောင်းတစ်ကျောင်းကို အမည်မသိ အမျိုးသားများက လက်ပစ်ဗုံးဖြင့် ပစ်သွင်းတိုက်ခိုက်ခဲ့သည့်အတွက် ကျောင်းသားနှစ်ဦးနှင့် ဆရာတစ်ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly