တရုတ်ကြွေးမြီထောင်ချောက်မူဝါဒနှင့်ပတ်သက်၍ ကမ္ဘာ့ နိုင်ငံများအကြား ငြင်းခုံ

တရုတ်ကြွေးမြီထောင်ချောက်မူဝါဒနှင့်ပတ်သက်၍ ကမ္ဘာ့ နိုင်ငံများအကြား ငြင်းခုံ

တရုတ်ကြွေးမြီထောင်ချောက်မူဝါဒနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်နေချိန်တွင် တောင်အာရှ နိုင်ငံအများအပြားတွင် တရုတ်၏ခါးပတ်လမ်းရပ်ဝန်း(BRI) စီမံကိန်းများ၏ အန္တရာယ်များနှင့် ပတ်သက်၍ ပြင်းထန်သော နိုင်ငံတကာ အယူအဆ ငြင်းခုံမှု ဖြစ်ပေါ်လာသည်။ 

မကြာသေးမီက တရုတ်ကြွေးမြီကြောင့်သီရိလင်္ကာတွင် လက်ရှိလူမှုစီးပွားနှင့်နိုင်ငံရေး ပြိုလဲသွားသည်ကို ကမ္ဘာတစ်ဝန်းလုံးက မြင်တွေ့ခဲ့ရသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

 ၂နှစ်တာငွေများရိုက်ထုတ်ခြင်းနှင့် အကြွေးဆပ်ရန်ပျက်ကွက်ပြီးနောက်၂၀၂၂ခုနှစ် ဧပြီလတွင် တိုင်းပြည်၏ နိုင်ငံခြား အရန်ငွေများကုန်သွားပြီးနောက် သီရိလင်္ကာ၏ နက်ရှိုင်းသောစီးပွားရေးအကျပ်အတည်း တွင်း ဆုံးကျခဲ့ရသည်။

သီရိလင်္ကာ၏ အလယ်အလတ်ငွေလဲနှုန်းသတ်မှတ်သည့်ဗဟိုဘဏ် သမိုင်းတစ်လျှောက်အဆိုးရွားဆုံး အကျပ်အတည်းဖြစ်ပေါ်ချိန်တွင် အမေရိကန်တစ်ဒေါ်လျှင်ရူပီးငွေသည် ၁၈၀မှ၃၆၀သို့ ကျဆင်းသွားခဲ့သည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေထုတ်မပေးမီ ယင်း၏ကြွေးမြီကို ပြန်လည်ဖွဲ့စည်းရန် သီရိလင်္ကာက ကြိုးပမ်းနေသည်။

 နိုင်ငံတစ်နိုင်ငံအား သိမ်းပိုက်ရန်နှင့် ကျွန်ပြုရန်နည်းလမ်း၂သွယ်ရှိရာတွင်  တစ်ခုမှာတိုက်ခိုက်သိမ်း ပိုက်ခြင်းနှင့် နောက်တစ်နည်းမှာ အကြွေးဖြင့်သိမ်းပိုက်ခြင်း ဖြစ်သည်ဟု ဒုတိယမြောက် အမေရိကန်သမ္မတအဖြစ် ၁၇၉၇ ခုနှစ်မှ ၁၈၀၁ခုနှစ်အထိ  တာဝန်ထမ်းဆောင်ခဲ့သော ဂျွန်အဒမ် ၏ ပြောကြားချက်ကို ကိုးကား၍ The Hill တွင် ဘရာမာချယ်လန်နေးက ရေးသားခဲ့သည်။

“ဒုတိယလမ်းကြောင်းကိုရွေးချယ်တဲ့တရုတ်ကကိုလိုနီခေတ်ဓလေ့ထုံးတမ်းတွေကို ကျင့်သုံးနေပြီး ကမ္ဘာ့အကြီးဆုံး တရားဝင်မြီရှင်အဖြစ်လျင်မြန်စွာ ပေါ်ထွက်လာခဲ့ပါတယ်”ဟု ၎င်းကရေးသားခဲ့သည်။

တောင်တရုတ်ပင်လယ်၊ထိုင်ဝမ်နှင့်ဟိမဝန္တာတောင်တန်းများတစ်လျှောက်တွင်တရုတ်၏ချဲ့ထွင်ရေး အစီ အစဉ်သည် ယင်းအချက်ကို ပြတ်ပြတ်သားသား သတိပေးနေသည်။

တရုတ်၏ ဩဇာလွှမ်းမိုးမှုသည် ဗဟိုအာရှတွင် ပိုမိုပျံ့နှံ့နေသောနည်းလမ်းဖြင့် တိတ်တဆိတ် ကျယ်ပြန့် လာနေသည်။ ၂၀ဝဝပြည့်နှစ်မှစတင်၍ ပေကျင်းသည် အာရှအလယ်ပိုင်းတွင် ယင်း၏ ချေးငွေလှုပ်ရှားမှုများကို တိုးချဲ့လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required