ဂျာမနီက တရုတ်၏ စစ်အင်အားကြီးထွားလာမှုနှင့် ရုရှားနှင့်စစ်ရေးလေ့ကျင့်မှုများကို စိုးရိမ်စွာဖြင့် စောင့်ကြည့်နေ

ဂျာမနီက တရုတ်၏ စစ်အင်အားကြီးထွားလာမှုနှင့် ရုရှားနှင့်စစ်ရေးလေ့ကျင့်မှုများကို စိုးရိမ်စွာဖြင့် စောင့်ကြည့်နေ

အင်ဒိုပစိဖိတ်ဒေသတွင် တရုတ်အင်အားကြီးထွားလာချိန်၌ ဂျာမနီသည်  ဒေသတွင်း စည်းမျဉ်းအခြေခံ ကတိကဝတ်များကို ပြသကာ တရုတ်၏ စစ်အင်အားကြီးထွားလာမှုနှင့် ရုရှားနှင့် စစ်ရေးလေ့ကျင့်မှုကို စိုးရိမ်စွာဖြင့် စောင့်ကြည့်နေကြောင်း ကာကွယ်ရေးဝန်ကြီးက Reuters သတင်းဌာနသို့ ပြောသည်။

ဂျာမနီက လက်ရှိတွင် ယူကရိန်းစစ်ပွဲအပေါ် အာရုံစိုက်မှုသည် အနောက်ဘော်လ်ကန်ဒေသ သို့မဟုတ် အင်ဒိုပစိဖိတ်ဒေသနှင့် တခြားနေရာများတွင် လုံခြုံရေးဆိုင်ရာတိုးတက်မှုဖြစ်စဉ်များကို မျက်နှာလွှဲမည်ဟု မဆိုလိုကြောင်းနှင့် ကျူးကျော်မှုသည် နေရာမရွေးဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ခရစ္စတင်းလမ်ဘရတ်က ပြောသည်။

“တရုတ်ရဲ့ အင်အားကြီးထွားလာမှုနဲ့ တစ်ဆင့်ချင်းစီတိုင်းကို ကျမတို့ သေချာ စောင့်ကြည့်နေပါတယ်” ဟု လမ်ဘရတ်က ဆိုသည်။

တရုတ်၏ ပိုင်နက်ဆိုင်ရာ ရည်မှန်းချက်များ ကြီးထွားလာနေချိန်တွင် ဂျာမနီသည် ၎င်း၏ ထိပ်တန်း ကုန်သွယ်ဖက် တရုတ်ကို စိတ်ပျက်စေမည့် အန္တရာယ်ရှိနေသည့်တိုင် အင်ဒိုပစိဖိတ်ဒေသ၌ ဩဇာအာဏာ ပြသရာတွင် အခြားသော အနောက်နိုင်ငံများနှင့် ပိုမိုပူးပေါင်းလာသည်။

ပြီးခဲ့သည့်နှစ်က ဂျာမနီသည် အနှစ် ၂၀ နီးပါးအတွင်း   ၎င်း၏ စစ်သင်္ဘောကို တောင်တရုတ်ပင်လယ် အငြင်းပွားရေပိုင်နက်သို့ ပထမဆုံးအကြိမ်   စေလွှတ်ခဲ့ပြီး ယခုလ၌ သြစတြေးလျတွင် ပူးတွဲစစ်ရေးလေ့ကျင့်ရန် စစ်လေယာဉ် ၁၃ စင်း စေလွှတ်ခဲ့သည်။

“စစ်ရေးလေ့ကျင့်မှုမှာ ကျွန်မတို့ ပူပေါင်းပါဝင်ခြင်းအားဖြင့် ရှင်းလင်းပြတ်သားတဲ့ အချက်ပြမှုကို ပေးပို့လိုက်တာပါ။ ကျွန်မတို့ဟာ စည်းမျဉ်းအခြေခံတဲ့ အမိန့်ကို လိုက်နာတဲ့မိတ်ဖက်တွေဘက်မှာ ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
 
တရုတ်က စီးပွားရေးအလျင်အမြန်တိုးချဲ့လာမှုနှင့်အတူ ဂျာမနီသည် အပြန်အလှန် အကျိုးတူစီးပွားရေးဖလှယ်မှု အပေါ် နှစ်ရှည်လများ အလေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly