မိန်းကလေး စာသင်ကျောင်းများ ပိတ်ခြင်းအတွက် တာလီဘန်တို့က အာဖဂန်မိဘများအပေါ် အပြစ်လွှဲချ

မိန်းကလေး စာသင်ကျောင်းများ ပိတ်ခြင်းအတွက် တာလီဘန်တို့က အာဖဂန်မိဘများအပေါ် အပြစ်လွှဲချ

အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးများ၏ စာသင်ကျောင်းများကို ပိတ်ထားသည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တာလီဘန်တို့က ကျောင်းသူမိဘများအပေါ် အပြစ်ပုံချ ပြောဆိုလိုက်သည်။ အာဖဂန် မိဘများသည် ၎င်းတို့၏ သမီးမိန်းကလေးများကို လက်ရှိ အခြေအနေအောက်တွင် ကျောင်းတက်စေလိုခြင်း မရှိကြောင်း တာလီဘန်တို့က စက်တင်ဘာ ၁၁ ရက်တွင် ပြောသည်။

“ကိုယ့်ရဲ့ ၁၆ နှစ်အရွယ် သမီးမိန်းကလေးတွေကို ကျောင်းကို ပို့ချင်တဲ့ လူဘယ်လောက်များများ ဒီဗလီကျောင်း မှာ ရှိသလဲလို့ ခင်ဗျားတို့တွေ မေးကြည့်လိုက်မယ် ဆိုရင် အဲဒီလို အလားတူ မေးခွန်းမျိုး ခင်ဗျားတို့ ကျွန်တော့်ကို မေးဖို့ လိုမှာ မဟုတ်ဘူး။ ခင်ဗျားတို့တွေရော၊ ကျွန်တော်ရောဟာ တူညီတဲ့ အာဖဂန် လူ့အဖွဲ့အစည်းမှာ ကြီးပြင် းခဲ့ကြတာပါ။ ယဉ်ကျေးမှုကတော့ အားလုံးအတွက် ရှင်းပါတယ်” ဟု အာဖဂန် ယာယီပညာရေးဝန်ကြီး နိုရူလာ မူနီရာက အူရုဇ်ဂန်ပြည်နယ်သို့ ရောက်ရှိစဉ် ပြောသည်။

သို့သော်   တာလီဘန်တို့ဘက်ကသာ ခွင့်ပြုပါက မိမိတို့၏ သမီးများကို ကျောင်းသို့ ပို့ရန် အသင့်ရှိကြောင်း အူရုဇ်ဂန်ပြည်နယ်မှ ဒေသခံတချို့က ပြောသည်။
 
မိန်းကလေးများအတွက် စာသင်ကျောင်းများကို တတ်နိုင်မျှ အမြန်ဆုံး ပြန်ဖွင့်ပေးရန် ၎င်းတို့က လက်ရှိအစိုးရကို တိုက်တွန်းခဲ့သည်။
 
“ဝန်ကြီးက ကဘူးလ်ကနေ လာတာဖြစ်တဲ့အတွက် သူဟာ ကျွန်တော်တို့ ဒေသခံတွေကို ကိုယ်စားမပြုနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကဘူးလ်ကနေ လာတဲ့အတွက်ကြောင့်ပါ။ အူရုဇ်ဂန်ပြည်နယ်က လူတွေကတော့ သူတို့ရဲ့ သမီးတွေကို ကျောင်းပြန်တက်စေချင်ပါတယ်။ အရင်က ကျောင်းတက်သလိုမျိုးပေါ့” ဟု အရပ်ဘက် အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဂျာဗစ် ခါပိုလ်ဝက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly