ထိုင်ဝမ်အပေါ် တရုတ်၏ ရန်စမှုကို အမေရိကန်နှင့်ဂျပန်ကာကွယ်ရေး ဦးစီးချုပ်များ ရှုတ်ချ

By Taiwan Focus
16 September 2022
ထိုင်ဝမ်အပေါ် တရုတ်၏ ရန်စမှုကို အမေရိကန်နှင့်ဂျပန်ကာကွယ်ရေး ဦးစီးချုပ်များ ရှုတ်ချ

အမေရိကန်နှင့် ဂျပန်တို့မှ ကာကွယ်ရေးဝန်ကြီးများသည် ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတွင်း၌ တရုတ်နိုင်ငံ၏ မကြာသေးမီက လုပ်ဆောင်ခဲ့သည့် ရန်လိုသော အပြုအမူများကို ရှုတ်ချကြောင်း စက်တင်ဘာ ၁၄ ရက်က ဝါရှင်တန်၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ပြောကြားသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူမာမာဒါသည် ဩဂုတ်လက ရာထူးတာဝန်စယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ဝါရှင်တန်တွင် စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံခဲ့ကြသည်။

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ ရန်လိုသည့် လုပ်ရပ်များ အပါအဝင် အမေရိကန်-ဂျပန်  မဟာမိတ်အဖွဲ့နှင့် ဆက်စပ်သော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကျယ်ပြန့်သည့် ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ပင်တဂွန်က ထုတ်ပြန်ခဲ့သည်။

"အမေရိကန်-ဂျပန်မဟာမိတ်ကို ခေတ်မီအောင်လုပ်ဖို့၊ ပေါင်းစည်းဟန့်တားမှုကို အားကောင်းအောင်လုပ်ဖို့နဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်စေဖို့ စိတ်ကူကိုယ်တူနိုင်ငံတွေနဲ့ ထပ်မံပူးပေါင်းဖို့အတွက် သူတို့ရဲ့ တူညီတဲ့ရည်မှန်းချက်တွေကို အတည်ပြုခဲ့ပါတယ်" ဟု ပင်တဂွန်က ဖော်ပြသည်။

“ထိုင်ဝမ်ရေလက်ကြားနဲ့ ဂျပန်ရေပိုင်နက်ဝန်းကျင်မှာ တရုတ်ရဲ့ အကျပ်ကိုင်တဲ့လုပ်ရပ်တွေဟာ ရန်စတာ၊ မတည်ငြိမ်အောင်လုပ်တာ ရန်မူတယ်ဆိုတာ ရှင်းပါတယ်” ဟု အော်စတင်က ပြောသည်။

ထို့အတူ ဟာမာဒါနှင့် အော်စတင်တို့သည် ဩဂုတ်လအစောပိုင်းက ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်ထဲသို့ တရုတ်ဒုံးကျည်များ ပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အရေးကြီးကြောင်းကိုလည်း ထပ်မံအတည်ပြုခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly