ဝီဂါနှစ်ဦးက တရုတ်အကျဉ်းစခန်းအတွင်းမှ အတွေ့အကြုံများကို ရေးသားထားသော စာအုပ်ဖြန့်ချိ

ဝီဂါနှစ်ဦးက တရုတ်အကျဉ်းစခန်းအတွင်းမှ အတွေ့အကြုံများကို ရေးသားထားသော စာအုပ်ဖြန့်ချိ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အုပ်ချုပ်မှုအောက်တွင် ဝီဂါများ၏ အခြေအနေမှာ ဆိုးရွားနေပြီး ဆက်လက် အရှိန်မြင့်လာနေသလို အယူဝါဒသွတ်သွင်းသည့်စခန်းများမှ လွတ်မြောက်လာသော ဝီဂါ ၂ ဦးက တရုတ်နိုင်ငံတွင် နေထိုင်သော ဝီဂါများအပေါ် နှိမ်နင်းမှုအကြောင်း ဖော်ပြရန် ၎င်းတို့အတွေ့အကြုံများကို ရေးသားကာ စာအုပ် တစ်အုပ်ထုတ်ဝေခဲ့သည်ဟု New York Timesကဖော်ပြသည်။

ဝီဂါနှစ်ဦးဖြစ်သည့် ပါဟက်တာဆန်နှင့် ဒါရန်ဘိုင်လာတို့ ၂၀၁၈ ခုနှစ်က ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိခဲ့ပြီးနောက် နိုင်ငံတွင်းရှိ တိုင်းရင်းသားလူနည်းစုများ၏ ဖိနှိပ်မှုခံရမှုများနှင့် ၎င်းတို့၏ အကျပ် အတည်းများကို မီးမောင်းထိုးပြရေးသားသည့် ‘The Backstreets’ အမည်ရှိ စာအုပ်ကို ထုတ်ဝေခဲ့သည်။

“ဒါဟာ ပါဟက်ရဲ့ အကျဉ်းစခန်းတွင်းက ကမ္ဘာအကြောင်းပါ” ဟု တက္ကသိုလ်ကျောင်းသားဘဝကတည်းက တာဆန်ဟု အများသိကြသည့် အမေရိကန်အခြေစိုက် ထင်ရှားသော ဝီဂါကဗျာဆရာ တာဟာဟာမတ်အစ်ဂဲလ် ကပြောသည်။

၂၀၁၆ ခုနှစ်မှ စတင်၍ မွတ်စလင်လူနည်းစုများကို ပစ်မှတ်ထားသော ဖိနှိပ်ရေးလှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဝီဂါပညာတတ်အများအပြားမှာ တရုတ်တွင် ထိန်းသိမ်းခံခဲ့ရသည်။

အဆိုပါဝတ္ထုကို ကိုလံဘီယာတက္ကသိုလ်မှ စက်တင်ဘာ၁၃ ရက်က ဖြန့်ချိခဲ့ပြီး ရှင်ကျန်းပြည်နယ်မြို့တော် အကြောင်း ရေးသားထားခြင်းဖြစ်သည်။ 

အမည်မဖော်လိုသော ဇာတ်ကြောင်းပြောသူသည် ကျေးလက် ဆင်းရဲမွဲတေမှုမှလွတ်မြောက်ရန် ကြိုးစားပြီး တရုတ်တွင် လူများစုဖြစ်သည့် ဟန်တရုတ်များကြီးစိုးသော မျှော်လင့်ချက်မရှိသည့် အစိုးရထံတွင် ဝန်ထမ်းအဖြစ်အလုပ်လုပ်ခဲ့သည်။ 

တာဆန်က  တက္ကသိုလ်တက်ရောက်စဉ်၎င်း၏ ဝီဂါအတန်းဖော် ၅ ဦးသည် စိတ်ဓာတ်ကျဆင်းမှုများ ရှိခဲ့ကြောင်းနှင့် ယင်းက ဇာတ်ကြောင်းရေးသားရာ၌ အထီးကျန်မှုနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြား ဆက်စပ်ချက်ကို ပုံဖော်စေနိုင်ခဲ့ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required