သီရိလင်္ကာ၊ပါကစ္စတန်၊မော်လ်ဒိုက်တို့ တရုတ်ကြွေးမြီအများဆုံး တင်ရှိနေ

သီရိလင်္ကာ၊ပါကစ္စတန်၊မော်လ်ဒိုက်တို့ တရုတ်ကြွေးမြီအများဆုံး တင်ရှိနေ

သီရိလင်္ကာ၊ပါကစ္စတန်နှင့် မော်လ်ဒိုက်တို့သည်တရုတ်ကြွေးမြီ အများဆုံးတင်နေသည့်နိုင်ငံများတွင် ပါဝင်နေသည်။ ပါကစ္စတန်သည် တရုတ်သို့နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ၇၇ဒသမ၃ဘီလီယံ တင်ရှိနေကြောင်း Forbes က ဖော်ပြလိုက်သည်။

မော်လ်ဒိုက်ကြွေးမြီသည်စုစုပေါင်းအမျိုးသားဝင်ငွေ (GNI) ၏၃၁ရာခိုင်နှုန်းရှိသည်။မော်လ်ဒိုက်၏ စုစုပေါင်းကြွေးမြီသည်၂၀၂ဝပြည့်နှစ်ကုန်တွင် မော်လ်ဒိုက်ရူဖီယာ (MVR) ၈၆ဘီလီယံရှိပြီး MVR ၄၄ဘီလီယံသည် ပြင်ပကြွေးမြီဖြစ်ကြောင်းThe Island Online မှဖော်ပြခဲ့သည်။

Forbes မှ၂၀၂ဝပြည့်နှစ်ကမ္ဘာဘဏ်အစီရင်ခံစာမှအချက်အလက်များကိုစုဆောင်းကာကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၉၇နိုင်ငံသည်တရုတ်ကြွေးမြီတင်ရှိနေကြောင်းဆိုသည်။

တရုတ်ကြွေးမြီ အများဆုံးတင်ရှိနေသည့်နိုင်ငံများသည် အများစုမှာအာဖရိကတွင် တည်ရှိသော်လည်း အာရှအလယ်ပိုင်း၊အရှေ့တောင်အာရှနှင့်ပစိဖိတ်ဒေသတို့တွင်လည်း တွေ့ရှိနိုင်သည်။

တရုတ်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းက နိုင်ငံအများစုသို့ ရောက်ရှိနေပြီဖြစ်သည်။

ကျန်ကမ္ဘာ့နိုင်ငံများ၏ ကြွေးမြီတင်ရှိမှု၂၄ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ဝင်ငွေအနည်းဆုံးနိုင်ငံများသည် ၂၀၂ဝပြည့်နှစ်တွင်တရုတ်သို့ကြွေးမြီ၃၇ရာခိုင်နှုန်းပေးဆပ်ရမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင်ဆိပ်ကမ်း၊ရထားလမ်းနှင့်မြေယာအခြေခံအဆောက်အအုံများဆောက်လုပ်ရာတွင်ငွေကြေး ထောက်ပံ့ရန် တရုတ်ကမ္ဘာ့စီမံကိန်းသည် တရုတ်သို့အဓိက ကြွေးမြီတင်ရှိရသည့် အကြောင်းရင်း တစ်ခုဖြစ် ကြောင်းThe Island Online သတင်းတွင်ဖော်ပြထားသည်။

တရုတ်သို့ပြင်ပကြွေးမြီအများဆုံးရှိသည့်နိုင်ငံများမှာ ပါကစ္စတန်ကဒေါ်လာ၇၇ဒသမ၃ဘီလီယံ၊ အင်ဂိုလာ ၃၆ဒသမ၃ဘီလီယံ၊အီသီယိုးပီးယားဒေါ်လာ၇ဒသမ၉ဘီလီယံ၊ကင်ညာတွင် ဒေါ်လာ၇ဒသမ၄ ဘီလီယံနှင့် သီရိလင်္ကာတွင်ကန်ဒေါ်လာ၆ဒသမ၈ဘီလီယံတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly