အာဖဂန်နစ္စတန် ကာပီဆာပြည်နယ်တွင် တာလီဘန်တို့က ဂျာနယ်လစ် ၁ ဦးကို အကြောင်းပြချက် မပေးဘဲ ထိန်းသိမ်းထား

By Tolo News
15 September 2022
အာဖဂန်နစ္စတန် ကာပီဆာပြည်နယ်တွင် တာလီဘန်တို့က ဂျာနယ်လစ် ၁ ဦးကို အကြောင်းပြချက် မပေးဘဲ ထိန်းသိမ်းထား

အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ကာပီဆာပြည်နယ်တွင် ဒေသခံ ဂျာနယ်လစ်တစ်ဦးဖြစ်သည့် အဗ္ဗဒူလ် ဟာနန် မိုဟာမက်ဒီကို တာလီဘန်အာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၃လခန့် ရှိသွားပြီ ဖြစ်ကြောင်း ၎င်း၏ မိသားစုက ပြောသည်။

မိုဟာမက်ဒီသည် ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ခြင်း မရှိဘဲ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု မိသားစုက ပြောသည်။

ပြီးခဲ့သည့် ၃လအတွင်း စိတ်သောကရောက်နေခဲ့ရသည့် မိုဟာမက်ဒီ၏ မိခင်ဖြစ်သူက သူမ၏ သားဖြစ်သူသည် ကာပီဆာပြည်နယ်တွင် သတင်းတစ်ပုဒ် ရေးသားရင်း ထိန်းသိမ်းခံလိုက်ရခြင်း ဖြစ်ကြောင်း ပြောသည်။

“သူတို့တွေ (တာလီဘန်) က ကျွန်မရဲ့ တင်ပြချက်ကိုလည်း လက်မခံပါဘူး။ ကျွန်မကိုလည်း သားလေးနဲ့ တွေ့ခွင့်မပေးပါဘူး။ ကျွန်မသားမှာ ဘာအပြစ်မှ မရှိပါဘူး။ သူ ပြန်လွတ်ပါစေလို့ ဆန္ဒပြုပါတယ်” ဟု သူမက ပြောသည်။

“ကျွန်တော့် အကိုက ဂျာနယ်လစ်တစ်ယောက်ပါ။ သတင်းတစ်ပုဒ်အတွက် ပြင်ဆင်နေရင်း အဖမ်းခံလိုက်ရတာပါ။ သူ့ကို ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်” ဟု မိုဟာမက်ဒီ၏ ညီဖြစ်သည့် အဗ္ဗဒူလာ ခန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly