ပန်ဂျ်ရှားဒေသ တိုက်ပွဲအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား ၃၂ ဦး သေဆုံးခဲ့ဟု အာဖဂန် တော်လှန်ရေးတပ်ဦး ပြော

By Khaama Press
15 September 2022
ပန်ဂျ်ရှားဒေသ တိုက်ပွဲအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား ၃၂ ဦး သေဆုံးခဲ့ဟု အာဖဂန် တော်လှန်ရေးတပ်ဦး ပြော

အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂျ်ရှားပြည်နယ်တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုတစ်ရပ်ကို ပြန်လည်တွန်းလှန် တိုက်ထုတ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း တာလီဘန်တိုက်ခိုက်ရေးသမား ၃၂ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် အမျိုးသား တော်လှန်ရေးတပ်ဖွဲ့ပြော (NRF) က ပြောသည်ဟု VOA က ဖော်ပြသည်။

ပန်ဂျ်ရှားပြည်နယ် အီနာဘာ၊ ရတ်ခါ၊ ဘာဇာရက်ခ်၊ ဒါရာ၊ အဘက်ရှားနှင့် ခန်းဂျ် ခရိုင်တို့ရှိ NRF စစ်အခြေစိုက် စခန်းများအပေါ် တာလီဘန်တပ်များက အပြင်းအထန် လာရောက်တိုက်ခိုက်ခဲ့ရာတွင် အာမက်ဒ် မာဆွတ်ဒ် ဦးဆောင်သည့် NRF အဖွဲ့က ပြန်လည် တိုက်ထုတ်နိုင်ခဲ့သည်ဟု NRF ၏ ပြောရေးဆိုခွင့်ရှိသူ ဆက်ဂါတူလာ အာမက်ဒီက ပြောသည်ဟု VOA က ဖော်ပြသည်။

တာလီဘန် တပ်ဖွဲ့များသည် သေဆုံးသူ ၃၂ ဦး၊ ဒဏ်ရာရသူ ၁၃ ဦးနှင့်အတူ အထိအခိုက် အကျအဆုံး အများ အပြားဖြင့် အရေးနိမ့်ခဲ့ကြောင်း အာမက်ဒီက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် NRF ဘက်က ထိခိုက်သေဆုံးမှု အရေအတွက်ကို ထုတ်ဖော်ခြင်း မရှိပေ။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာလီဘန်တို့ဘက်က မှတ်ချက်ပေးခြင်း မရှိသေးပေ။ သို့သော် NRF တပ်ဖွဲ့များ စစ်ရေးအရ တည်ရှိသည့် နေရာနှစ်ခုဖြစ်သည့် ပန်ဂျ်ရှားနှင့် အန်ဒါရတ်ဒေသတို့အတွက် တာလီဘန်တို့ကို ဦးဆောင်ရန် အထင်ကရ ခေါင်းဆောင်တစ်ဦးဖြစ်သော မူလာ အဗ္ဗဒူလ် ကာယမ် ဇာကီရာကို တာလီဘန်အဖွဲ့က မကြာသေးခင်က တာဝန်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required