ကိုဗစ် ပိတ်ဆို့ကန့်သတ်မှုများကြောင့် ရှင်ကျန်းဒေသခံများ ပေါင်မုန့်နှင့်ခေါက်ဆွဲကိုသာ အားကိုးနေရ

ကိုဗစ် ပိတ်ဆို့ကန့်သတ်မှုများကြောင့် ရှင်ကျန်းဒေသခံများ ပေါင်မုန့်နှင့်ခေါက်ဆွဲကိုသာ အားကိုးနေရ

ပြင်းထန်လွန်းသည့် ရက်သတ္တပတ်ကြာကိုဗစ်-၁၉ကပ်ရောဂါပိတ်ဆို့ကန့်သတ်မှုများကြောင့် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်တွင် ရွေးချယ်ခွင့်များ အကန့်အသတ်ဖြင့်သာရနေသည်။
 
တရုတ်နိုင်ငံ အနောက်ဘက်စွန်းရှင်ကျန်းဒေသရှိ ယိနန်းမြို့တွင် ကပ်ရောဂါကြောင့် တစ်လကြာပိတ်ဆို့ ကန့်သတ်လိုက်သဖြင့် စားနပ်ရိက္ခာ၊ဆေးဝါးနှင့်အခြားအရေးကြီးသောအထောက်အပံ့များ ပြတ်တောက်နေ ကြောင်းThe New York Times (NYT) တွင် ခရစ်ဘတ်လေးက ရေးသားခဲ့သည်။

ယိနင်းမြို့ခံများသည်စားနပ်ရိက္ခာအကန့်အသတ်ရှိနေခြင်း၊ဆေးဝါးများရရှိရန်ခက်ခဲခြင်းနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ အလွန်အမင်းပြတ်လပ်နေသဖြင့် အကူအညီတောင်းခံခဲ့သည်။

သြဂုတ်လ အစောပိုင်းကတည်းက မြို့ရှိ လူပေါင်း ၆သိန်းကို နေအိမ်များတွင်သာ နေထိုင်ရန် အမိန့်ထုတ်ထားပြီး လူအများအပြားသည် ထောက်ပံ့ရေးပစ္စည်းများရရှိရန် ရပ်ကွက်အာဏာပိုင်များကို အဓိကအားကိုးခဲ့ရသည်။

ရိက္ခာပေးပို့မှုမှာ စိတ်ပျက်စရာထပ်လာနေပြီး ဆန်၊နန်ပြားသို့မဟုတ်ခေါက်ဆွဲခြောက်များသာ ရရှိတော့ကြောင်း မြို့ခံအချို့က ပြောသည်။
အေဇက်အမည်ရှိမြို့ခံတစ်ဦးက ခေါက်ဆွဲခြောက်မှလွဲ၍ ဘာမျှမရှိသည်မှာ ရက်သတ္တပတ်၂ပတ်ရှိဖြစ်ပြီး တစ်နေ့၂ကြိမ်ထက်ပိုမစားနိုင်တော့ကြောင်း ပြောကြားခဲ့သည်။

ယင်းသည် ၎င်း၏အစာခြေစနစ်ကို ထိခိုက်စေသည်ဟု ဆိုသည်။ ပိတ်ဆို့ကန့်သတ်မှုအစောပိုင်းတွင် အနည်းဆုံး ဆန်နှင့်နံပြားရရှိခဲ့သည်။

အမျိုးသမီးအများအပြားကအမျိုးသမီးလစဉ်သုံးပစ္စည်းများမရရှိသောကြောင့်အလွန်အမင်းအခက်ကြုံနေ ရကြောင်းဖုန်းဖြင့် မေးမြန်းခန်းများတွင် ပြောကြားခဲ့ကြောင်း NYT ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required