ယူကရိန်း ဖြစ်ရပ်အပေါ် တရုတ်၏ မျှတသော ရပ်တည်ချက်ကို ရုရှားက တန်ဖိုးထားဟု ပူတင်က ရှီကို ပြော

ယူကရိန်း ဖြစ်ရပ်အပေါ် တရုတ်၏ မျှတသော ရပ်တည်ချက်ကို ရုရှားက တန်ဖိုးထားဟု ပူတင်က ရှီကို ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်က “တရုတ်တစ်နိုင်ငံတည်းမူဝါဒ” ကို  ရုရှားက ထောက်ခံကြောင်း၊ ထိုင်ဝမ်ရေလက်ကြားတွင် အမေရိကန်၏ ရန်စမှုများကို ဆန့်ကျင်ကြောင်းနှင့် ယူကရိန်းအပေါ် တရုတ်၏ "မျှတသော ရပ်တည်ချက်" ကို တန်ဖိုးထားကြောင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ကို စက်တင်ဘာ ၁၅ ရက်၌ ပြောကြားလိုက်သည်။

ခေါင်းဆောင်နှစ်ဦးသည် ဥဇဘက်ကစ္စတန်၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအစည်းအဝေး၏ ပူးတွဲအစည်းအဝေးတွင် တွေ့ဆုံခဲ့ကြသည်။ ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ၎င်းတို့အကြား ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံမှုဖြစ်သည်။

ပူတင်က "ယူကရိန်းအရေးအခင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တရုတ်မိတ်ဆွေတွေရဲ့ မျှတမှုရှိတဲ့ ရပ်တည်ချက်ကို အရမ်းတန်ဖိုးထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားတို့ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မေးခွန်းထုတ်စရာတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒီနေ့အစည်းအဝေးမှာ ကျွန်တော်တို့အနေအထားကို သေချာရှင်းပြပါ့မယ်” ဟု နှစ်နိုင်ငံတွေ့ဆုံမှုတွင် ပြောဆိုခဲ့သည်။ 

ရှားသည် ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့များကို ယူကရိန်းသို့ ဖေဖော်ဝါရီလတွင် စေလွှတ်ပြီးကတည်းက တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်လာခဲ့ကာ ရုရှားအပေါ် အနောက်နိုင်ငံများ၏ မကြုံစဖူး ပိတ်ဆို့အရေးယူမှုများဖြစ်စေခဲ့သော ဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။

“တစ်ရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကျွန်တော်တို့ စွဲစွဲမြဲမြဲ လိုက်နာပါတယ်။

“ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန်နဲ့ သူ့တို့ရဲ့ ဩဇာခံနိုင်ငံတွေရဲ့ ရန်စမှုတွေကို ရုရှားက ရှုတ်ချပါတယ်” ဟု ပူတင်က ပြောကြားလိုက်ပြီး  ဩဂုတ် ၂၇ ရက်တွင် ထိုင်ဝမ်ရေလက်ကြား၌ နိုင်ငံတကာရေပိုင်နက်ကိုဖြတ်သန်းခုတ်မောင်းသော အမေရိကန်ရေတပ်သင်္ဘောများကို ရည်ညွှန်းဖွယ်ရှိသည်။ 

အမေရိကန်သည် ထိုင်ဝမ်နှင့်တရားဝင် သံတမန်ဆက်ဆံရေးမရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက်ထောက်ပံ့မည်ဟူသော ဥပဒေအရ လိုက်နာခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required