သြစတြီးယားရှိ ဝီဂါများက တရုတ်နိုင်ငံတွင်း အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်မှုအား ဆန့်ကျင်ဆန္ဒပြ

သြစတြီးယားရှိ ဝီဂါများက တရုတ်နိုင်ငံတွင်း အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်မှုအား ဆန့်ကျင်ဆန္ဒပြ

တရုတ်သည် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှုအကြောင်းပြချက်ဖြင့် တရုတ်ရှိ ဝီဂါနှင့်တာကစ်လူမျိုးများကို အသွားအလာပိတ်ဆိုခြင်းနှင့် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီမပေးဘဲ အိမ်များအတွင်း ပိတ်လှောင် ထားခြင်းတို့ကြောင့် ဩစတြီးယားရှိဝီဂါအသိုက်အဝန်းက ယင်းအား ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြပွဲကျင်းပခဲ့သည်။

တရုတ်အစိုးရ၏ သတ်ဖြတ်ခြင်းခံရသော ဝီဂါများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားသည့် ဆန္ဒပြသူ အများအပြားသည် ဗီယင်နာမြို့ရှိ ခရစ်ယာန်ဘရိုပလာဇာမှ ဟယ်လ်ဒန်ပလာဇာသို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

ဝီဂါအများအပြားသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြပြီး အာဏာရတရုတ်ကွန်မြူနစ်ပါတီ၏ လူ့အခွင့်ရေးချိုးဖောက်မှုနှင့်လူမျိုးတုံးသတ်ဖြတ်မှုကိုဆန့်ကျင်သော ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။ 

ဆန္ဒပြပွဲကို သြစတြီးယားရှိ အဝေးရောက်ဝီဂါအဖွဲ့ဥက္ကဋ္ဌ မက်ဗ်လ်ဒီရှက်က ဦးဆောင်ခဲ့သည်။ ဆန္ဒပြသူများသည် အရှေ့တာကစ္စတန်၌ကိုဗစ်ကပ်ရောဂါကို ထိန်းချုပ်ရန် အကြောင်းပြချက်ဖြင့် အစာအငတ်ထား လူမျိုးတုံးသတ်ဖြတ်သည့် တရုတ်မူဝါဒကို ရှုတ်ချခဲ့ကြသည်။

တရုတ်အစိုးရသည် ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့မှုအကြောင်းပြချက်ဖြင့် ဒေသခံများအား အိမ်ထဲတွင် ပိတ်မိစေကာ အစာငတ်စေခဲ့သည်။
အရှေ့တာကစ္စတန်၌ လူမှုမီဒီယာတွင် ပျံ့နှံ့နေသည့် ရာပေါင်းများစွာသော ဗီဒီယိုများတွင် နေအိမ်များအတွင်း၌ သီတင်းပတ်ပေါင်းများစွာ ပိတ်လှောင်ခံရပြီး အစာရေစာ ငတ်မွတ်မှုခံစားနေရသော အရှေ့တာကစ္စတန်တစ်လွှားမှ မိသားစုများ ပါဝင်သည်။ 

အပြင်ထွက်ခွင့်ပြုရန်နှင့် အစာငတ်နေသော ၎င်းတို့ကလေးများအတွက် ရိက္ခာများယူလာပေးရန် အစိုးရကို တောင်းဆိုနေသော ဝီဂါများ၏ ဗီဒီယိုဖိုင်များလည်း ပါဝင်သည်။

မျက်မှောက်ခေတ်တွင် တရုတ်သက်ဦးဆံပိုင်စနစ်အောက်၌ အရှေ့တာကစ္စတန်မှလူများသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို နှစ်ပေါင်း ၇၀ ကျော်ကြာ ခံစားနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required