အရှေ့တောင်အာရှတွင် တရုတ်မီဒီယာလွှမ်းမိုးနေသော်လည်း ပြည်သူများက သံသယဆက်ရှိနေ

အရှေ့တောင်အာရှတွင် တရုတ်မီဒီယာလွှမ်းမိုးနေသော်လည်း ပြည်သူများက သံသယဆက်ရှိနေ

အရှေ့တောင်အာရှ ဒေသအချို့တွင် တရုတ်က  မီဒီယာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုများရှိသော်လည်း ပြည်သူများသည် တရုတ်အစိုးရ၏ လုပ်ဇာတ်များကို သတိထားနေကြဆဲဖြစ်ကြောင်း အမေရိကန်အခြေစိုက် အကြံပေးအဖွဲ့ Freedom House ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွှမ်းမိုးမှု ၂၀၂၂ အစီရင်ခံစာတွင် ၂၀၁၉ အစောပိုင်းမှ ၂၀၂၁ နှစ်ကုန်အထိ တရုတ်နိုင်ငံ၏ မီဒီယာလွှမ်းမိုးမှု အတိုင်းအတာနှင့်ပတ်သက်၍ နယ်မြေဒေသပေါင်း ၃၀ကို စစ်ဆေးခဲ့သည်။

မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့သည် တရုတ်မီဒီယာလွှမ်းမိုးမှု မြင့်မားသော သို့မဟုတ် အလွန်ပြင်းထန်သော နယ်မြေ ၁၆  ခုတွင် ပါဝင်သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သည့် တရုတ်သံအမတ်နှစ်ဦးစလုံးသည် မလေး၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသော နာမည်ကြီး သတင်းစာများတွင် ဆောင်းပါးများ ရေးသားခြင်း၊ အင်တာဗျူးများဖြေဆိုခြင်းနှင့်ပရိသတ်များကို ရှာဖွေခြင်းများကို တက်ကြွစွာ လုပ်ဆောင်ခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

မလေးရှားတွင် တရုတ်အစိုးရလုပ်ဇာတ်များသည် ဆက်ဆံရေးတည်ဆောက်မှု၊ တရုတ်နှင့် တရုတ်ကွန်မြူနစ်ပ ါတီအုပ်ချုပ်မှုဆိုင်ရာ အပြုသဘောဆောင်သော ပုံရိမ်မြှင့်တင်ခြင်းများနှင့် နိုင်ငံတကာ အထူးသဖြင့် အမေရိကန် ဝေဖန်မှုများကို တန်ပြန်ပြောသောလုပ်ဇာတ်များ ပေါင်းစပ်ပါဝင်သည့် တရုတ်ဝါဒဖြန့်စံနမူနနာအတိုင်း လုပ်ဆောင်သည်ဟု ဆိုထားသည်။

ရှင်ကျန်းတွင် အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ဝီဂါများအပေါ် တရုတ်အစိုးရက ကျူးလွန်သော အခြားသော ရက်စက်ကြမ်းကြုတ်မှုဆိုင်ရာ သက်သေအထောက်အထားကို အယုံအကြည်မဲ့စေရန် ကြိုးပမ်းအားထုတ်မှုများလည်း ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားတွင်လည်း  တရုတ်မီဒီယာလွှမ်းမိုးရေး ကြိုးပမ်းအားထုတ်မှုများသည် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကျယ်ပြန့်လာကြောင်း Freedom House အစီရင်ခံစာတွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly