မပျော်ရွှင်ရဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန် ထိပ်ဆုံး၌ ရှိနေ

မပျော်ရွှင်ရဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန် ထိပ်ဆုံး၌ ရှိနေ

တာလီဘန် လက်အောက် ကျရောက်သွားသည့် အာဖဂန်နစ္စတန်သည် ဆင်းရဲမွဲတေမှု၊ အလုပ် လက်မဲ့ ဖြစ်မှု၊ စိတ်ပူပန်သောကရောက်မှုနှင့် ဒေါသထွက်မှုတို့ကြောင့် ဖြစ်ပေါ်သည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်မှု၊ စိတ်ဖိစီးမှု၊ စိတ်ရောဂါ ဖြစ်မှုတို့နှင့်အတူ ကမ္ဘာ့ မပျော်ရွှင်ဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံး တွင် ရှိနေကြောင်း ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်ကုမ္ပဏီတစ်ခု၏ အစီရင်ခံစာတစ်ရပ်က ဖော်ပြသည်။

အမေရိကန်တပ်ဖွဲ့များ ပြန်လည်ထွက်ခွာပြီး အာဖဂန်နစ္စတန်ကို တာလီဘန်တို့ ထိန်းချုပ်ပြီး နောက်တွင် အာဖဂန်ပြည်သူတို့၏ စိတ်ခံစားချက်အခြေအနေက မတည်မငြိမ်ဖြစ်မှုနှင့် မသေချာ မရေရာမှုတို့ကို ထင်ဟပ်ခဲ့ကြောင်း စစ်တမ်းလေ့လာချက်က ဖော်ပြသည်။

အမေရိကန်အခြေစိုက် လေ့လာစိစစ်မှုနှင့် အကြံပေးကုမ္ပဏီ Gallup ၏ အပျက်သဘောဆောင် အတွေ့အကြုံ အညွှန်းကိန်းအရ အာဖဂန်ပြည်သူ ၈၀ ရာခိုင်နှုန်းသည် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်နေပြီး ပြည်သူ ၇၄ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုကြောင့် စိတ်ဖိစီးမှုများ ခံစားနေရသလို အာဖဂန်ပြည်သူ ၆၁ ရာခိုင်နှုန်း၏ အခြေအနေက “ဝမ်းနည်းစိတ်ထိခိုက်နေသည်” ဟု အဓိပ္ပါယ် ဖွင့်နိုင်ကြောင်း ဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်တွင် ပြည်သူများအကြား စိုးရိမ်ပူပန်မှု၊ တင်းမာမှုနှင့် ဝမ်းနည်း စိတ်များက အမြင့်ဆုံးအတိုင်းအတာကို ရောက်ရှိခဲ့သည်။ ထို့ပြင် အာဖဂန်ပြည်သူ ၅၃ ရာခိုင်နှုန်းသည် နိုင်ငံမှ ထွက်ခွာရန် ဆန္ဒရှိခဲ့ကြောင်း ၂၀၂၁ ဩဂုတ်နှင့် စက်တင်ဘာလတွင် ကောက်ယူခဲ့သည့် စစ်တမ်း တစ်ရပ်တွင် ပြောသည်ဟု Khaama Press က ဖော်ပြသည်။
 
၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ ထိန်းချုပ်ပြီးနောက်ပိုင်း ပထမဆုံးနှစ်လသည် အာဖဂန်အရပ်သား အများအပြားအတွက် အထူးပင် ခက်ခဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly