အာဖဂန်မိန်းကလေးများ၏ ပညာသင်ခွင့်အား တာလီဘန်တို့က ပိတ်ပင်မှုအပေါ် အမေရိကန် အထူးသံတမန် ဝေဖန်

အာဖဂန်မိန်းကလေးများ၏ ပညာသင်ခွင့်အား တာလီဘန်တို့က ပိတ်ပင်မှုအပေါ် အမေရိကန် အထူးသံတမန် ဝေဖန်

အာဖဂန်နစ္စတန်နိုင်ငံတွင် မိန်းကလေးငယ်များ၏ ပညာသင်ကြားခွင့်အပေါ် တာလီဘန်တို့ ပိတ်ပင်ထားမှုအပေါ် အာဖဂန်ဆိုင်ရာ အမေရိကန် အထူးသံတမန်ဖြစ်သူက စက်တင်ဘာ ၁၁ ရက်တွင် အပြင်းအထန် ဝေဖန်လိုက်သည်။

အာဖဂန်နစ္စတန်တွင် အဆိုပါ ပျက်စီးစေလိုသော မူဝါဒ ဆက်ရှိနေခြင်းအတွက် မှန်ကန်တရားမျှတ ကြောင်း ပြစရာ မရှိဟု အာဖဂန်နစ္စတန်ရှိ အမျိုးသမီး၊ မိန်းကလေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အမေရိကန် အထူးသံတမန် ရီနာ အာမီရီက ပြောသည်။

“ဒီလို လူမဆန်တဲ့၊ ဖျက်လိုဖျက်ဆီးလုပ်တဲ့ မူဝါဒ ဆက်ရှိနေမှုအတွက် မှန်ကန်တရားမျှတကြောင်း ပြစရာ မရှိပါဘူး။ ယဉ်ကျေးမှု မရှိ၊ ဘာသာရေး မရှိ၊ ထောက်ပံ့ဖြည့်ဆည်းမှု မရှိ ဖြစ်နေပါတယ်” ဟု အာမီရီက တွစ်တာတွင် ရေးသည်။ 

ထို့ပြင် အာဖဂန်နစ္စတန်တွင် မိန်းကလေးများ ခြောက်တန်းနှင့်အထက် ကျောင်းတက်ခြင်းအပေါ် ပိတ်ပင်မှုက အဆိုးမြင် နိုင်ငံရေး ဖြစ်ကြောင်း သူမက ပြောခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

မိန်းကလေးများ၏ ပညာသင်ကြားမှုအပေါ် ထားရှိသည့် တာလီဘန်တို့၏ လူမဆန် ရက်စက်သည့် ရပ်တည်ချက်က ငယ်ရွယ်သော အာဖဂန်မိန်းကလေးများ၏ မျှော်လင့်ချက်များနှင့် အလားအလာများကို ရိုက်ချိုးခဲ့သည်ဟု အမေရိကန် အထူးသံတမန်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်က အာဖဂန်နစ္စတန် ပက်တီကာ ပြည်နယ်တွင် ကျောင်းသူ မိန်းကလေးများသည် ၎င်းတို့၏ စာသင်ကျောင်းများ ပိတ်ထားမှုကို ဆန့်ကျင်ရင်း ချီတက်ဆန္ဒပြပွဲ တစ်ခုကို လုပ်ဆောင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required