ရှင်ကျန်းဒေသတွင် တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုကြောင့် ၁၀ ဦးကျော် သေဆုံး

ရှင်ကျန်းဒေသတွင် တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုကြောင့် ၁၀ ဦးကျော် သေဆုံး

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် ဩဂုတ်လအစောပိုင်းကတည်းက တင်းကျပ်သော ကိုရိုနာဗိုင်းရပ်ပိတ်ဆို့ကန့်သတ်မှုအတွင်း လူတစ်ဒါဇင်ခန့်ငတ်မွတ်ခေါင်းပါးခြင်းသို့မဟုတ် ဆေးဝါး လက်လှမ်းမမီမှုကြောင့် သေဆုံးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသဆိုင်ရာတာဝန်ရှိသူများက ပြောကြား လိုက်သည်။

ဒေသတွင်း ကိုဗစ်-၁၉ဖြစ်ပွားမှုကြောင့် ပိတ်ဆို့ကန့်သတ်ထားသည့် “ဆိုးရွားသော ကျန်းမာရေး အခြေအနေ”တွင်အေရာရိုစတန်မြို့၊ယိနန်းဒေသ၊ဂါကီရတ်မာကျေးရွာမှမိသားစု၁၀စု၏ငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက RFA Uyghur သို့ပြောကြားခဲ့သည်။

ကိုဗစ်လုံးဝကင်းစင်ရေး ကန့်သတ်ပိတ်ဆို့မှုကို အကောင်အထည်ဖော်ပြီးနောက် ကွာရာယာဂွါရွာမှ အသက်၆၂နှစ် အရွယ်ဆီဒတ်အမည်ရလယ်သမားတစ်ဦးအပါအဝင်ဂူလ်ဂျားကောင်တီတွင် ရက်ပေါင်း၂၀အတွင်းလူ၁၂ဦး သေဆုံးခဲ့ကြောင်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

တရုတ်၏ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည်ရောဂါကူးစက်မှုအသစ်ဖြစ်ပွားသည့်နေရာတိုင်းတွင်နေထိုင်သူများအားကျယ်ကျယ်ပြန့်ပြန့်ပိတ်ဆို့အရေးယူမှုများနှင့်စမ်းသပ်မှုများအပေါ်အခြေခံထားသည်။
 
ယင်းသည်ခရီးသွားလာမှုနှင့်ဒေသတွင်းစီးပွားရေးအပေါ်အပျက်သဘောဆောင်သည့်သက်ရောက်မှုများရှိခဲ့ပြီးဂူလ်ဂျားကောင်တီအပါအဝင်အချို့နေရာများတွင်စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်စေခဲ့သည်။

"ပိတ်ဆို့ကန့်သတ်မှုကိုအကောင်အထည်ဖော်ပြီးနောက်၁၀ရက်အကြာမှာဆီဒတ်သေဆုံးခဲ့ပါတယ်။ကျေးရွာအုပ်စုနဲ့ခရိုင်တာဝန်ရှိသူတွေကသူရဲ့အခြေအနေကိုအချိန်မီသတိမပြုမိခဲ့ဘဲသူ့ပတ်ဝန်းကျင်မှာဆွေမျိုးတွေမကျန်ရှိခဲ့ပါဘူး" ဟုအမည်မဖော်လိုသူအရာရှိကပြောကြားခဲ့သည်။

“ပိတ်ဆို့ကန့်သတ်မှုအတွင်းသေဆုံးသွားတဲ့လူ၁၂ဦးမှာဆီဒတ်လဲပါပါတယ်။သူတို့အားလုံးအစာငတ်မွတ်တာဒါမှမဟုတ်ဆေးဝါးပြတ်လပ်တာကြောင့် ပိတ်ဆို့ကန့်သတ်ပြီး ပထမရက်၂၀အတွင်းသေဆုံးခဲ့ပါတယ်"  ဟု ၎င်းက အသေးစိတ်အချက်အလက်များထပ်မံမပေးဘဲ ပြောကြားခဲ့သည်။

ပိတ်ဆို့ကန့်သတ်မှုကာလအတွင်းဆေးစာအချိန်မီမရောက်လာခြင်းကြောင့်သေဆုံးဖွယ်ရှိကြောင်းဒုတိယအရာရှိတစ်ဦးက RFA သို့ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required