တရုတ်ထိပ်တန်းအရာရှိ၏ ခရီးစဉ်က နီပေါ၏ ကွန်မြူနစ်အင်အားစုများ စည်းလုံးညီညွတ်ရေးအတွက် ဖြစ်သလား

တရုတ်ထိပ်တန်းအရာရှိ၏ ခရီးစဉ်က နီပေါ၏ ကွန်မြူနစ်အင်အားစုများ စည်းလုံးညီညွတ်ရေးအတွက် ဖြစ်သလား

နီပေါသို့ တရုတ်ထိပ်တန်းအရာရှိ လီကျန်းစု၏ခရီးစဉ်သည် နီပေါကွန်မြူနစ်အင်အားစုများကြား စည်းလုံး ညီညွတ်မှုကို အားပေးရန်တရုတ်က ကြိုးပမ်းခြင်းဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးနေကြသည်ဟု မီဒီယာများက ဖော်ပြလိုက်သည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌလီကျန်းစုသည် စက်တင်ဘာ၅ရက်တွင် ခတ္တမန္ဒူမြို့သို့ ၃ရက်ကြာတရားဝင် အလည်အပတ်ခရီးရောက်ရှိလာချိန်တွင် ယင်းမှန်းဆချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူသည်ဝန်ကြီးများ၊ဒု-ဝန်ကြီးများ၊အရာရှိများနှင့်တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်များပါဝင်သည့် အင်အား ၈၀ ကျော်ခန့်ကို ဦးဆောင်လာခြင်းဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်၏ အနီးကပ်လက်ထောက်ဖြစ်သောလီသည် တရုတ်ကွန်မြူနစ်ပါတီ၏ ထိပ်တန်း ဆုံးဖြတ်ချက်များချသည့်အဖွဲ့ဖြစ်သည့် တရုတ်ပေါ်လစ်ဗျူရိုအမြဲတမ်းကော်မတီ၏ တတိယအဆင့် အဖွဲ့ဝင်ဖြစ်ပြီး သမ္မတရှီနှင့်ဝန်ကြီးချုပ်လီခါ့ချင်တို့၏ နောက်တွင်ရှိသည်။

တရုတ်သမ္မတရှီကျင့်ဖျင်အား နောက်ထပ်သက်တမ်းတိုးပေးမည့် အလားအလာရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ၏အကြိမ်၂၀မြောက်အမျိုးသားကွန်ဂရက်မတိုင်မီယခုခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

ယင်းခရီးစဉ်သည် နီပေါတွင်နိုဝင်ဘာ၂၀ရက်၌ကျင်းပရန် စီစဉ်ထားသည့် အထွေထွေနှင့်ပြည်နယ် ရွေးကောက်ပွဲများမတိုင်မီလည်းဖြစ်သည်။

ယင်း၏ခရီးစဉ်အတွင်းလီသည် CPN-UML ဥက္ကဋ္ဌကေပီအိုလီနှင့် CPN (မော်ဝါဒီဗဟို) ဥက္ကဋ္ဌဒါဟယ်တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ 

၂၀၂၁ခုနှစ်မတ်လတွင်အင်အားကြီးနီပေါကွန်မြူနစ်ပါတီပြိုကွဲပြီးနောက်တွင်တရုတ်မှလာရောက်လည်ပတ်မှု သည် နီပေါတွင် ကွန်မြူနစ်အင်အားစုများကိုစုစည်းရန် ကြိုးပမ်းမှု တစ်ခုဖြစ်ပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required