တရုတ်ရှိ  Apple ၏ အချက်အလက်စင်တာရှိဝန်ထမ်းများ ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုအတွင်း ဆိုးရွားစွာ   ပိတ်မိနေ

တရုတ်ရှိ  Apple ၏ အချက်အလက်စင်တာရှိဝန်ထမ်းများ ကိုဗစ်ကန့်သတ်ပိတ်ဆို့မှုအတွင်း ဆိုးရွားစွာ   ပိတ်မိနေ

မြို့တော်တွင် ဆိုးရွားစွာ တင်းကျပ်သည့် ကိုဗစ်ကန့်သတ်ပိတ်ဆို့မှု ကာလအတွင်း တရုတ်အာဏာပိုင်များက စီမံခန့်ခွဲနေသည့် အငြင်းပွားဖွယ် Apple အချက်အလက်စင်တာတစ်ခုမှဝန်ထမ်းများအား အလုပ်မှ တစ်ပတ်ကြာ ထွက်ခွာခွင့်မပြုခဲ့သလို မိသားစုများနှင့်လည်း တွေ့ဆုံခွင့်မပေးခဲ့ပေ။

Guizhou Cloud Big Data ဟုခေါ်သော တရုတ်အစိုးရကျောထောက်နောက်ခံပြုထားသည့် မိတ်ဖက်တစ်ဦးက လုပ်ကိုင်နေသည့် Apple အချက်အလက်စင်တာကို ကွေ့ယန်မြို့တွင်ကိုရိုနာဗိုင်းရပ်ဖြစ်ပွားနေချိန်၌  တင်းကျပ်စွာ ကန့်သတ်ထားကြောင်း Bloomberg ကစက်တင်ဘာ၈ရက်တွင်ဖော်ပြခဲ့သည်။

ရောဂါကူးစက်မှုကို ရှောင်ရှားရန် စီစဉ်ထားသော အလုံပိတ် ပုံစံဖြင့် အလုပ်လုပ်သောဌာနမှ ဝန်ထမ်းများသည် မိသားစုဝင်များနှင့် တစ်ပတ်အတွင်း တွေ့ဆုံခွင့်မရကြောင်းGuizhou Cloud Big Data မှလူမှုမီဒီယာ သတိပေးချက်တစ်ခုကိုမီဒီယာက ဖော်ပြခဲ့သည်။

"ဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါရှေ့တန်းမှာရဲရင့်သူတွေလိုအပ်ပါတယ်" ဟု ကုမ္ပဏီက WeChat ပို့စ်တွင်ပြောကြားခဲ့သည်။

 ကွေ့ယန်မြို့တွင်ခရိုင်၁၀ခုရှိရာမှ၆ခုသည်လက်ရှိတွင်ပိတ်ဆို့ကန့်သတ်ခံထားရသဖြင့်    မြို့ခံ၆သန်း၏အနက်  အများစုမှာ ကိုရိုနာဗိုင်းရပ်စစ်ဆေးမှုမှလွဲ၍ မည်သည့်အကြောင်းနှင့်မျှ အိမ်မှထွက်ခွာခွင့်မရကြောင်း Bloomberg ကဆိုသည်။

အစိုးရကပို့ဆောင်မှုရပ်ဆိုင်းထားသဖြင့်စားနပ်ရိက္ခာပြတ်လပ်မှုနှင့်ပတ်သက်၍ဒေသခံများကတိုင်ကြားမှုများရှိနေသည်။

Apple သည် ကွေ့ယန်အချက်အလက်စင်တာကို ၂၀၁၇ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါစင်တာသည် တရုတ်သုံးစွဲသူသန်းရာပေါင်းများစွာအတွက် အီးမေးလ်များ၊ဓာတ်ပုံများနှင့် ဗီဒီယိုများကို iCloud သိုလှောင်မှုအတွက် စီမံဆောင်ရွက်ပေးနေကြောင်း Bloomberg ကဆိုသည်။
 
တရုတ်ဥပဒေအရ Apple သည်အစိုးရကုမ္ပဏီတစ်ခုအား ကြီးမားသော အချက်အလက်စင်တာကို လုပ်ကိုင်ခွင့်ပေးရသဖြင့် အစိုးရက စောင့်ကြည့်ခြင်းနှင့် ဖိနှိပ်မှုများကို လုပ်ဆောင်နိုင်သည်ဟု  ဝေဖန်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required