ရှင်ကျန်း၌ ကိုဗစ်ဆိုင်ရာအသွားအလာပိတ်ဆို့မှုကို ဆန့်ကျင်ဆန္ဒပြသည့် ရွာသားဒါဇင်များစွာ ထိန်းသိမ်းခံရ

ရှင်ကျန်း၌ ကိုဗစ်ဆိုင်ရာအသွားအလာပိတ်ဆို့မှုကို ဆန့်ကျင်ဆန္ဒပြသည့် ရွာသားဒါဇင်များစွာ ထိန်းသိမ်းခံရ

ရှင်ကျန်းပြည်နယ် ဂူဂျာမှ လူငယ်ဝီဂါပေါင်း ၆၀၀ ကျော်သည် ကိုဗစ်-၁၉ အသွားအလာပိတ်ဆို့မှုကို လျစ်လျူရှုလျက် ငတ်မွတ်သေဆုံးမှုများဖြစ်စေသော  အစာအစာပြတ်လပ်မှုကို ဆန့်ကျင်ကာ လမ်းမပေါ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြပြီးနောက် အာဏာပိုင်များ၏ထိန်းသိမ်းမှုကို ခံခဲ့ရကြောင်း ဒေသခံရဲအရာရှိကပြောသည်။ 

ဂူဂျာမှ လူ ၂ ဦးသည် ကိုဗစ်စည်းမျဉ်းချိုးဖောက်သည့်အတွက် ၅ ရက်ထိန်းသိမ်းခဲ့ကြောင်း ရဲဌာနတရားဝင် ဝက်ဘ်ဆိုက်က ထုတ်ပြန်သော်လည်း ထိုနေ့တွင် အဖမ်းခံရသူအရေအတွက်မှာ ပိုမိုများပြားနိုင်သည်ဟု ဆိုသည်။

ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အီလီကာဇက်ကိုယ်ပိုင်အချုပ်ခွင့်ရစီရင်စုရှီ ဂူဂျာမြို့တွင် ဝီဂါနှင့် တခြားလူနည်းစု ၅ သိန်းခန့်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဩဂုတ်လ အစောပိုင်းကတည်းက အသွားအလာပိတ်ဆို့ခံထားရသည်။

တင်းကျပ်သောမူဝါဒများသည် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနှင့် ရိက္ခာရရှိနိုင်မှုကို အဟန့်အတား ဖြစ်စေ ခဲ့ကာ တချို့မှာ အစာငတ်သည်အထိဖြစ်ခဲ့ကြောင်း ပြသသည့် ဗီဒီယိုဖိုင်များကို ဝီဂါများက တရုတ်လူမှု မီဒီယာ၌ ပြီးခဲ့သော သီတင်းပတ်က တင်ခဲ့သည်။ 

RFA အနေဖြင့် အဆိုပါဗီဒီယိုဖိုင်များကို သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။

ကိုဗစ်-၁၉ မူဝါဒကို တုံ့ပြန်သည့်အနေဖြင့် ဂူဂျာရှိ ကာရာဒေါင်ရွာသားများသည် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ထိုဒေသတွင် ကိုဗစ်-၁၉ ကူးစက်မှုပတ်သက်၍ ကောလာဟလများ ဖြန့်ပါက "ခွဲထွက်ရေးသမားများ" အဖြစ် အပြစ်ပေးမည်ဟု အာဏာပိုင်များက သတိပေးခဲ့သော်လည်း ရွာသားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော ဆန္ဒပြသူများနှင့်စပ်လျဉ်း၍ RFA က စုံစမ်းကြည့်ရာ ကာရာဒေါင်ရွာမှ ၆၁၇ ဦးကို ထိန်းသိမ်းထားကြောင်း ရဲအရာရှိတစ်ဦးက အတည်ပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required