မန်ယူအသင်း၏ ယခုနှစ်ရာသီကို ဆယ်တင်ရန် ဗန်ဟားလ်တောင်းဆို

မန်ယူအသင်း၏ ယခုနှစ်ရာသီကို ဆယ်တင်ရန် ဗန်ဟားလ်တောင်းဆို

ဖေဖော်ဝါရီ ၂၃၊ မန်ချက်စတာ ။              ။ အက်ဖ်အေဖလားပြိုင်ပွဲတွင် ရှရူးဘူရီအသင်းကို ဝ-၃ ဂိုးဖြင့် အနိုင်ရပြီးနောက်တွင် မန်ယူအသင်းနည်းပြ ဗန်ဟားလ်က ၎င်းတို့အသင်း၏ ယခုနှစ်ရာသီမှာ ရှင်သန်ဆဲဖြစ်ကြောင်းယုံကြည်နေပြီး အသင်းကို ဆယ်တင်ကြရန် တောင်းဆိုမှု ပြုလုပ်လိုက်သည်။

မန်ယူအသင်းမှာ ရှရူးဘူရီအသင်းကို အနိုင်ရခဲ့သည့်အတွက် အက်ဖ်အေဖလားတွင် ကွာတားဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီး ဝက်စ်ဟမ်းအသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မန်ယူအသင်းမှာ လက်ရှိတွင် ပရီးမီးယားလိဂ်၌ ရမှတ် ၄၁ မှတ် ရရှိထားပြီး အဆင့် ၄ မှ မန်စီးတီးနှင့် ခြောက်မှတ်ကွာဟလျက်ရှိသည်။ လက်ရှိအခြေအနေအရ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမည်ဟု ဗန်ဟားလ်က ယုံကြည်နေသည်။

ထို့အပြင် ဗန်ဟားလ်က ဒိန်းမတ်ကလပ် မစ်ဂျေလန်းအသင်းကို ဒုတိယအကျော့တွင် အနိုင်ကစားပြီး ယူရိုပါလိဂ်တွင်လည်း အောင်မြင်နိုင်သေးသည်ဟု ယုံကြည်လျက်ရှိသည်။

'အရာရာအားလုံးက ဖြစ်နိုင်ပါသေးတယ်။ အခု ကျွန်တော်တို့အသင်းက ပြိုင်ပွဲ သုံးခုမှာ ယှဉ်ပြိုင်နေရဆဲပါ။ ဖြစ်နိုင်သမျှ အခွင့်အရေးတွေအတွက် ကြိုးစားသွားမှာပါ။
အခုကျွန်တော်တို့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ကို ရောက်ပါပြီ။ ဒါက ကစားသမားတွေအတွက် အလွန်ကောင်းပါတယ်။

ပရီးမီးယားလိဂ်မှာဆိုရင် မန်စီးတီးနဲ့ ခြောက်မှတ်ကွာပါတယ်။ ကျွန်တော်တို့မှာ အခွင့်အရေးအများကြီး ရှိပါတယ်။ ချန်ပီယံဆုတွေကို ယှဉ်ပြိုင်ဖို့အတွက်လည်း အခွင့်အရေးအများကြီးရှိနေပါသေးတယ်။ ဒီအတွက် ပွဲအများကြီးနိုင်ဖို့လိုအပ်ပြီး မလွယ်ကူပေမယ့် အားလုံးက ဖြစ်နိုင်ပါသေးတယ်' ဟု ဗန်ဟားလ်က ပြောသည်။

ထို့အပြင်ဗန်ဟားလ်က ရုရှုးဘူရီနှင့်ပွဲတွင် မာတာသွင်းယူခဲ့သည့် ပြစ်ဒဏ်ဘောဂိုးသည် မစ်ဂျေလန်းနှင့်ပွဲစဉ်မှ အတုခိုးသင်ယူခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံ ပြောဆိုခဲ့သည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly