တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် တိဗက်၏ အဆင်ပြေမှုများ ဆုံးရှုံးနေ

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် တိဗက်၏ အဆင်ပြေမှုများ ဆုံးရှုံးနေ

ကိုဗစ်-၁၉ ကူးစက်မှုသည် တိဗက်လူမျိုးများ၏ နေထိုင်မှုဘဝအတွက် မခံမရပ်နိုင်ဖြစ်စေပြီး ပြည်နယ်အား အနှောင့်အယှက်ဖြစ်နေစေချိန်တွင် တရုတ်၏ ‘ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ’ အောက်ရှိ တင်းကျပ်သော စည်းမျဉ်းများက တိဗက်လူမျိုးများအား အသက်အန္တရာယ်ကျရောက်စေသည်။

ထိုတင်းကျပ်သောစီမံချက်များသည် လွန်စွာပြင်းထန်ပြီး ပြည်သူများ၏အကျိုးစီးပွားကို လုံးဝမစဉ်းစားကြောင်း Tibet Press က ဖော်ပြသည်။

ကိုဗစ်ဖြစ်ပွားရာဒေသများမှ တိဗက်များသည် သီးသန့်ခွဲခြားထားရှိသည့်စင်တာများသို့ အဓမ္မပို့ဆောင်ခံရပြီး မိသားစုဝင်များမှာလည်း ၎င်းတို့အကြောင်းနှင့်ပြန်လာချိန်နှင့်ပတ်သက်၍ မသေချာမရေရာမှုများနှင့် ရင်ဆိုင် နေရသည်။ 

လာဆာမြို့ရှိ သီးခြားခွဲထားသည့်စင်တာမှ တိဗက်အမျိုးသမီးတစ်ဦးက အမှိုက်နှင့်အုတ်ခဲပုံများရှိနေသည့် ညစ်ပတ်သော ကိုဗစ်စင်တာနှင့် အိမ်သာရေများလွှမ်းနေသော လျှောက်လမ်းတွင် လမ်းလျှောက်ရန် ပျဉ်ပြားများ ခင်းထားသည့် ဗီဒီယိုဖိုင်များကို သူမ၏ လူမှုမီဒီယာစာမျက်နှာ၌ တင်ခဲ့သည်။

အစိုးရက လိုအပ်သည်များကို ထရပ်ကားများနှင့်ပေးပို့ထားသည်ဟု ဆိုသော်လည်း ဒေသများတွင် ရိက္ခာ ပြတ်လပ်မှု များ ဖြစ်ပေါ်နေပြီး အခြေအနေဆိုးရွားကာ လူနာများသည် စောင့်ရှောက်မှုနှင့် ဆေးဝါးအကူအညီ လိုအပ်လျက်ရှိသည်။

တိဗက်တွင် ၂၀၂၂ ခုနှစ် ဩဂုတ် ၇ ရက်က  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု စတင်ခဲ့ပြီးနောက်ပိုင်း အသွားအလာ ပိတ်ဆို့မှုကို ချက်ချင်းချမှတ်ခဲ့သည်။

တိဗက်ပြည်တွင်းရှိ အခြေအနေကို လေ့လာပြီး ရောဂါပြင်းထန်မှုကို ချိန်ဆလိုသော သတင်းထောက်များနှင့် လေ့လာသူများကိုလည်း တရုတ်က အမြဲလိုလိုပင် ဝင်ရောက်ခွင့်တားမြစ်ထားသည်။

တိဗက်ရှိ လူ့အခွင့်အရေးအခြေအနေသည် နှစ်ကြာလာသည်နှင့် ပိုမိုဆိုးရွားလာပြီး တရုတ်အစိုးရသည် တိဗက် လူမျိုးများအပေါ် တင်းတင်းကျပ်ကျပ်အုပ်ချုပ်မှုကို မည်သည့်အခါမျှ အလျှော့မပေးခဲ့ပေ။

တိဗက်ရှိ တိဗက်လူမျိုးများကို တရုတ်ကွန်မြူနစ်ပါတီ၏စောင့်ကြည့်မှုသည် တရားလွန်လှပြီး သံသယရှိသောလုပ်ရပ်ဟူသမျှအတွက် ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် မှားယွင်းစွပ်စွဲခြင်းများ လုပ်ဆောင်လေ့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required