ရေကြီးမှုဒဏ်ခံရသည့် ပါကစ္စတန်တွင် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့ ကူးစက်ဖြစ်ပွားနေ

ရေကြီးမှုဒဏ်ခံရသည့် ပါကစ္စတန်တွင် သွေးလွန်တုပ်ကွေးရောဂါ ပျံ့နှံ့ ကူးစက်ဖြစ်ပွားနေ

ပါကစ္စတန်နိုင်ငံတွင် အကြီးအကျယ် ထိခိုက်ဆုံးရှုံးစေသော ရေကြီးရေလျှံမှုများအကြား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုဒဏ်ခံနေရပြီး အဆိုပါ ရောဂါဖြစ်ပွားမှုက နိုင်ငံတစ်ဝန်း ထိန်းချုပ်၍ မရနိုင်သည့် အခြေအနေ ဖြစ်နေ သည်။

ပါကစ္စတန်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေသည် တစ်နေ့တစ်ခြား တိုးနေပြီး ပြည်သူများအကြား အထိတ်တလန့်ဖြစ်မှုနှင့် ကြောက်ရွံ့မှုများ ကူးစက်ပျံ့နှံ့နေကာ ဖျားနာကု ဆေးဝါးများ ရှားပါးပြတ်လပ်သည့် ပြဿနာ တစ်ခုလည်း ပေါ်ထွက်လာခဲ့ကြောင်း Geo News က ဖော်ပြသည်။

ပန်ဂျပ်၊ ဆင်းဒ် ၊ ခိုင်ဘာ ပက်ခ်တွန်ခဝါနှင့် ဘာလိုချီစတန်တို့တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုသည် အန္တရာယ်ရှိ သော အခြေအနေသို့ စတင် ရောက်ရှိနေခဲ့သည်။

ပန်ဂျပ်ပြည်နယ်တွင် ခြင်ကြောင့် ကူးစက်ဖြစ်ပွားသည့် အဆိုပါရောဂါဖြစ်ပွားသည့် လူနာအသစ် ၁၂၅ ဦး ရှိကြောင်း တာဝန်ရှိသူများက ထုတ်ဖော်ခဲ့သည်။ 

ထို့ပြင် အဆိုပါ သွေးလွန်တုပ်ကွေးကြောင့် ယင်းပြည်နယ်တွင် လူလေးဦး အသက်ဆုံးရှုံးခဲ့ကြောင်း ကျန်းမာရေးဌာန၏ ဒေတာအချက်အလက်များက ပြသနေသည်။

ကရာချိမြို့တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း သွေးလွန်တုပ်ကွေးကြောင့် နောက်ထပ် လူသေဆုံးမှုတစ်ခု ရှိခဲ့သည်။ မိုးကြီးမှုကြောင့် ခြင်ပေါက်ဖွားရာနေရာ အများအပြား ဖြစ်ပေါ်ခဲ့ပြီးနောက် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် လူ ၂၀၀၀ ကျော် ထိခိုက်ခံစားထားခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required