ဘာစီလိုနာအသင်းမှာ အမြဲအောင်မြင်ချင်သူသာဖြစ်တယ်လို့ စာချုပ်သစ်ချုပ်ဆိုတဲ့ ဂါဗီ ပြော

ဘာစီလိုနာအသင်းမှာ အမြဲအောင်မြင်ချင်သူသာဖြစ်တယ်လို့ စာချုပ်သစ်ချုပ်ဆိုတဲ့ ဂါဗီ ပြော
Photo: Barcelona

ဂါဗီဟာ သူ့ရဲ့ ဘာစီလိုနာစာချုပ်သစ်ကို ကြာသပတေးနေ့က ကမ့်နူးမှာ ကတ်တလန်အသင်းကြီးနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကစားသမားဟာ နောက်ဆုံးမှာ ယူရို ၁ ဘီလီယံတန် စာချုပ်လျော်ကြေးပါဝင်တဲ့ သက်တမ်းတိုးမှုနဲ့ အသင်းမှာ သူ့အနာဂတ်ကို ကတိကဝတ်ပြုထားပြီး ပျော်ရွှင်နေသူဖြစ်ပါတယ်။

"သက်တမ်းတိုးတဲ့အတွက် ကျနော် အရမ်းပျော်ပါတယ်၊ ဒါက ငယ်ငယ်ကတည်းက အိပ်မက်မက်ခဲ့တဲ့အရာပါ"လို့ သူက ပြောပါတယ်။ "ကျနော်နဲ့ ကျနော့်မိသားစုရော ကျနော့်ကိုယ်စားလှယ်တွေပါ ဒီမှာ အောင်မြင်ချင်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်သလို ကျနော်လည်း ဒီနေ့အတွက် အရမ်းပျော်ပါတယ်။"

"ကျနော် တတ်နိုင်သလောက် သဘာဝကျကျ ကြိုးစားပါတယ်၊ အကယ်ဒမီမှာလည်းပေါ့၊ သူတို့က ကျနော့်ကို အများကြီး ကူညီပေးခဲ့ပြီး သူတို့နဲ့ အသင်းအတွက်ရော၊ ဝန်ထမ်းတွေကိုပါ အရမ်းကျေးဇူးတင်ပါတယ်၊ ကျနော်လည်း အတတ်နိုင်ဆုံး အကောင်းဆုံးကို ကြိုးစားနေပါတယ်။"

ဥက္ကဌ လာပေါ်တာဟာ ဂါဗီနဲ့အတူ လိုက်ပါလာခဲ့ပြီး သူ့ရဲ့အနာဂတ်ကို ကလပ်အသင်းမှာ ကတိပြုထားတဲ့ ခံစားချက်ကို ခံစားခဲ့ရကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

“ဒီနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ပါ။ ဂါဗီနဲ့အတူ ကျနော့်တို့တွေဟာ လက်ရှိ ပစ္စုပ္ပန်နဲ့ ဘာကာရဲ့ အနာဂတ်ကို သက်တမ်းတိုးနေပါတယ်။ သက်တမ်းတိုးပေးခဲ့တဲ့ ဂါဗီကို ကျေးဇူးတင်ပါရစေ” လို့ လာပေါ်တာက ပြောပါတယ်။ “သူဟာ အရည်အချင်း၊ အားထုတ်မှု ပါရာဒိုင်းပါ။ သူဟာ အရာရာတိုင်းကို လိုက်လျောညီထွေရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ကက်တလန်တွေအတွက် အရမ်းပျော်စရာကောင်းတဲ့နေ့ပါ။”

ဂါဗီဟာ နည်းပြဟောင်း ရော်နယ်လ်ကိုးမန်းလက်ထက် ၂၀၂၁ နွေရာသီမှသာ ဘာစီလိုနာအသင်းကြီးအတွက် ပထမဆုံးပွဲကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

အယ်လ်ချီနဲ့ လာမယ့် ပွဲအတွက် ဂါဗီက "ပြီးခဲ့တဲ့ရာသီက အယ်လ်ချီနဲ့ ကစားခဲ့တဲ့ ကစားပုံကို ကျနော် အရမ်းသဘောကျခဲ့တာကို အမှတ်ရမိပတယ်။ ဒီကိုရောက်ကတည်းက ကျနော့်ရဲ့ အိပ်မက်တွေထဲက တစ်ခုကို ပြီးမြောက်ခဲ့ပြီး တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကလပ်ပရိသတ်တွေနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနေ့ကို ဘယ်တော့မှ မမေ့ဘူး။"

ဂါဗီဟာ ဘာကာရဲ့ လာမာစီယာ အကယ်ဒမီကနေ ပထမအသင်းကြီးအတွက် ကစားတဲ့ ၁၈၆ ယောက်မြောက်ကစားသမားဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly