ဆွစ် တင်းနစ်ဂန္ထဝင် ဖက်ဒါရာ အနားယူမယ်လို့ ကြေညာ

ဆွစ် တင်းနစ်ဂန္ထဝင် ဖက်ဒါရာ အနားယူမယ်လို့ ကြေညာ
Photos: EPA

ဆွစ်ဇာလန်တင်းနစ်အကျော်အမော် ရော်ဂျာ ဖက်ဒရာက ဒူးဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ရတာတွေဟာ သူ့ရဲ့ သမိုင်းဝင်ကစားသမားဘဝအတွက် အဆုံးသတ်ရောက်လာစေခဲ့တယ်လို့ ကြာသပတေးနေ့က ဝန်ခံခဲ့ပြီးနောက် သူဟာ လာမယ့်အပတ် Laver Cup အပြီးမှာ တင်းနစ်လောကကနေ အနားယူတော့မှာ ဖြစ်ပါတယ်။

“နောက်တစ်ပတ် လန်ဒန်မှာ Laver Cup က ကျနော့်ရဲ့ နောက်ဆုံး ATP ပွဲဖြစ်မှာပါ”လို့ သူ့ရဲ့ Twitter အကောင့်မှာ တင်ထားတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂရင်းစလမ်ဆု ၂၀ ပိုင်ဆိုင်ထားတဲ့ အသက် ၄၁ နှစ်အရွယ်ကစားသမားဟာ ၂၀၂၁ ဝင်ဘယ်ဒန်အိုးပင်းပြိုင်ပွဲအပြီးမှာ ၁၈ လအတွင်း သူ့ရဲ့တတိယကြိမ်မြောက် ဒူးခွဲစိတ်မှုကိုခံယူပြီးနောက်ပိုင်း အနားယူနေရသူ ဖြစ်ပါတယ်။

"ကျနော် အပြည့်အဝ ယှဉ်ပြိုင်မှုပုံစံကို ပြန်ရဖို့ ကြိုးပမ်းခဲ့ပါတယ်"လို့ သူက ရေးသားခဲ့ပါတယ်။

“ဒါပေမယ့် ကျနော့်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်နဲ့ ကန့်သတ်ချက်တွေကိုလည်း သိတယ်။ နောက်ပိုင်းကျတော့ ခန္ဓာကိုယ်က ကျနော့်ကို ထင်ထင်ရှားရှား အချက်ပြလာတယ်။

"ကျနော်က အသက် ၄၁ နှစ်ပါ။ ၂၄ နှစ်ကျော်ကာလအတွင်း ပွဲပေါင်း ၁၅၀၀ ကျော် ကစားခဲ့ပါတယ်။

"တင်းနစ်က ကျနော်ကို အိပ်မက်မက်ဖူးတာထက် ပိုပေးခဲ့ပြီး တင်းနစ်ကစားသမားဘဝကို အဆုံးသတ်ချိန်ရောက်လာတာကို အသိအမှတ်ပြုရမှာပါ။"

 ၂၀၀၃ ခုနှစ် ဝင်ဘယ်လ်ဒန်ပြိုင်ပွဲမှာ ပထမဆုံး ဂရန်းစလန်းဆုကို စတင်ဆွတ်ခူးခဲ့ပြီးနောက် ရော်ဂျာ ဖက်ဒရာဟာ အမျိုးသားတင်းနစ်လောကအတွင်း  ဆယ်စုနှစ် နှစ်ခုကျော်ကြာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly