ပါကစ္စတန်အစိုးရက စစ်တပ်နှင့် မိမိအကြား ရန်တိုက်ပေးနေဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ

ပါကစ္စတန်အစိုးရက စစ်တပ်နှင့် မိမိအကြား ရန်တိုက်ပေးနေဟု ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း စွပ်စွဲ

ပါကစ္စတန်နိုင်ငံ၏ လက်ရှိ အာဏာရညွန့်ပေါင်းအစိုးရသည် စစ်တပ်၊ တရားရေးအာဏာပိုင်တို့နှင့် မိမိအကြား ထိပ်တိုက်တွေ့စေရန် ရန်တိုက်ပေးနေသည်ဟု ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းက စက်တင်ဘာ ၆ ရက်တွင် စွပ်စွဲလိုက်သည်။ ထို့ပြင် ရွေးကောက်ပွဲများတွင် မိမိ အနိုင်ရသွားမည်ကို လက်ရှိအစိုးရ ကြောက်နေသည်ဟု ခန်းက ပြောခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်းသည် ပက်ရှာဝါမြို့၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုတွင် အထက်ပ ါမှတ်ချက်စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။

“ပါကစ္စတန် ဒီမိုကရက်တစ်လှုပ်ရှားမှု (ပီဒီအမ်) ရဲ့ အကြီးအကဲ မော်လာနာ ဖက်ဇ်လာ ရာမန်  အပါအဝင် အစိုးရရဲ့ ခိုင်းဖတ်သုံးယောက်ဟာ ရွေးကောက်ပွဲတွေမှာ သူတို့အနေနဲ့ ကျွန်တော့်ကို အနိုင်မရနိုင်ဘူးဆိုတာကို သိနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်ကို စည်းကမ်းနဲ့ မညီဘူးဆိုပြီး ပိတ်ပင်ဖို့ သူတို့ လျှို့ဝှက်ကြံစည်နေတာပါပဲ” ဟု ခန်းက ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲများတွင် မိမိ အနိုင်ရနိုင်သည့် “အလားအလာကောင်းများ” ကို လမ်းလွဲပျောက်ပျက်စေရန် ရည်ရွယ်သော လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုတွင် လက်ရှိ အာဏာရအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ဟု ပါကစ္စတန် တေရက်-အီ-အင်ဆက်ဖ် (PTI) ပါတီ၏ ဥက္ကဋ္ဌ အီမရန် ခန်းက စွပ်စွဲသည်။

နိုင်ငံ အင်စတီကျူးရှင်းများနှင့် မိမိအကြား သဘောထားကွဲလွဲမှု ဖြစ်စေရန် လက်ရှိအစိုးရက တမင်တကာ ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ခန်းက စွပ်စွဲခဲ့သည်ဟု The News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly