ရေကြီးမှုဒဏ် ဆိုးရွားစွာ ဖြစ်ပွားနေသည့် ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူမိန်းကလေးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့်ခံရ

By The Print
12 September 2022
ရေကြီးမှုဒဏ် ဆိုးရွားစွာ ဖြစ်ပွားနေသည့် ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူမိန်းကလေးတစ်ဦး အုပ်စုဖွဲ့ အဓမ္မကျင့်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် အကြီးအကျယ် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေစဉ် လူနည်းစု ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦးကို လူတချို့က ရိက္ခာအလကားပေးမည်ဟု သိမ်းသွင်းစည်းရုံးပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဆင်းဒ်ပြည်နယ် ဆန်ဂါခရိုင် ရှာဟ်ဒတ်ပူရ် ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်သည့် အသက် ၁၃ နှစ်အရွယ် ဘာဂ်ဝန်တီ ခေါ် နစ်ကီ အမည်ရ မိန်းကလေးတစ်ဦးသည် ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက် ဟင်းသီး ဟင်းရွက်များဝယ်ရန် ဈေးသို့ သွားခဲ့သည်ဟု ပြောသည်။

ထိုစဉ် အဆိုပါ ဧရိယာတွင် နေထိုင်သူများဖြစ်သည့် ခါလစ် မက်ရှီနှင့် ဘာရှက်ခ် မာရှီ အမည်ရ အမျိုးသားများက သူမကို ရိက္ခာအလကားပေးမည်ဟု ဆိုကာ ရွာပြင် လူပြတ်သည့်နေရာတစ်ခုသို့ ခေါ်သွားပြီး ထို့နောက် မူးမိုက်စေသည့် ဆေးခတ်ကာ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဘာဂ်ဝန်တီက တိုင်တန်းခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် လူနည်းစုများအတွက် အလုပ်လုပ်နေသည့် အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သော Voice of Pakistan Minority က အဆိုပါ ဆိုးရွားသည့် ဖြစ်စဉ် ဖြစ်ပွားကြောင်းကို အတည်ပြုခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်အထိ အမှုဖွင့်ဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။

တရားခံများကို အမှုဖွင့် အပြစ်ပေးခြင်း မရှိပါက ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများကို ဆန့်ကျင်ဆန္ဒပြသွားမည် ဖြစ်ကြောင်း မိသားစုဝင်များနှင့် အခြားသော ဒေသခံများက သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required