ဗြိတိန်တွင် ပါကစ္စတန်နိုင်ငံသားများ စုဖွဲ့ပါဝင်သည့် လူဆိုးဂိုဏ်းများက ဟိန္ဒူအသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်နေ

ဗြိတိန်တွင် ပါကစ္စတန်နိုင်ငံသားများ စုဖွဲ့ပါဝင်သည့် လူဆိုးဂိုဏ်းများက ဟိန္ဒူအသိုင်းအဝိုင်းကို ပစ်မှတ်ထား တိုက်ခိုက်နေ

ဗြိတိန်ရှိ လက်စတာမြို့တွင် ပါကစ္စတန်နိုင်ငံသားများ စုဖွဲ့ပါဝင်သည့် လူဆိုးဂိုဏ်းများက ဟိန္ဒူဘာသာဝင်များကို အကြမ်းဖက်ခြိမ်းခြောက်ပြီး ဟိန္ဒူဘာသာဝင်တို့၏ ပစ္စည်းဥစ္စာများကို လက်သရမ်း ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့် ထိတ်လန့်ဖွယ် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

၂၀၂၂ အာရှဖလား ခရစ်ကတ်ပြိုင်ပွဲတွင် အိန္ဒိယက ပါကစ္စတန်ကို အနိုင်ရခဲ့သည့် ပွဲစဉ်အပြီး ဩဂုတ် ၂၈ ရက်က အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ဖြစ်စဉ်နောက်ပိုင်း နောက်ထပ် ပေါ်ပေါက်သည့် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ဗီဒီယိုများနှင့် သတင်းများက လူမှုမီဒီယာပေါ် ပျံ့နှံ့လာခဲ့သည်။

“လူဆိုးဂိုဏ်းတွေဟာ အထိန်းအကွပ်မဲ့ ဖြစ်နေပြီး ဟိန္ဒူတွေအပေါ် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ အပြစ်မဲ့ ဟိန္ဒူတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်တဲ့ အဆောက်အအုံတွေမှာပဲ အကြမ်းဖက် ခြိမ်းခြောက်ခံရသလို သူတို့ကို အချွန်နဲ့ ထိုးဖို့ ကြိုးပမ်းတဲ့ဖြစ်စဉ်တွေ၊ ဟိန္ဒူ အဆောက်အအုံတွေကို လက်သရမ်း ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်” ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည့် ရာရှာမီ ဆာမန့်တ်က တွစ်တာတွင် ရေးသည်။

“ယူကေရဲ့ လက်စတာမှာ ပြဿနာ ဖြစ်တာပါ။ ပါကစ္စတန် မွတ်စလင်တွေက ဟိန္ဒူ မိသားစုတွေကို ပစ်မှတ်ထားပြီး ဘာသာရေး သင်္ကေတတွေကို မလေးမစား လုပ်တာ၊ လူမျိုးခွဲခြားတဲ့ အသုံးအနှုန်းတွေ သုံးတာတွေ ရှိခဲ့ပါတယ်” ဟု အခြားသော တွစ်တာသုံးသူတစ်ဦးက ပြောသည်။

“ဗြိတိန်၊ လက်စတာမှာ အိန္ဒိယ ဟိန္ဒူတွေကို မွတ်စလင်တွေက တိုက်ခိုက်ခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန် ပွဲစဉ်အပြီး ဩဂုတ် ၂၈ ရက်မှာ ဖြစ်တာပါ” ဟု အခြားသော တွစ်တာသုံးသူတစ်ဦးက ပြောသည်။

တင်းမာမှုများ ဆက်ရှိနေခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးရန် ရဲတပ်ဖွဲ့၊ လက်စတာမြို့ကောင်စီနှင့် သက်ဆိုင်သည့် အစုအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ ၆ ရက်က ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly